28🍁🍂

152 6 0
                                    

Recommend Song-အခါလွန်မိုး

စကားဆုံးသောအခါ အံ့သြတကြီးဖြစ်ရသူမှာ ‌
ဦးခေတ်လျှံနှင့် ခန့်ညားမောင်။ဦး၊ဦးငယ်နှင့်
ဦးခေတ်လျှံတို့ကြားမှာ ကိစ္စတစ်စုံတစ်ရာရှိလိမ့်မည်ဟု ထင်ထားသော်လည်း ဤမျှလောက်ထိ များပြားမည်ဟု မထင်ခဲ့တာအမှန်။

ဦးခေတ်လျှံက ခေါင်းကိုတွင်တွင်ခါယမ်းကာ
နားနှစ်ဖက်ကိုပိတ်၍အော်နေ၏။

"ဒါဆို သီရိမေ...သီရိမေက ငါ့သမီးလား....
မဟုတ်ဘူး မဟုတ်ဘူး..ငါက ငါ့သမီးလေးကို ကိုယ်တိုင်... ကိုယ်တိုင်...သတ်ခဲ့မိ...အားးးး"

ခေတ်လျှံက ပြောရင်းဖြင့် ဘေးရှိ ထိုင်ခုံများကို
ဆွဲလှဲလိုက်သည်။

"မြကိုလည်း မင်းပဲသတ်ခဲ့တာမလား ခေတ်လျှံ"

"မဟုတ်ဘူး ငါမသတ်ဘူး ငါမသတ်ဘူး လင်းမောင်"

"မင်းလိမ်နေတာ..."

"မဟုတ်ဘူး ငါမလိမ်ဘူး"

"မြက မင်းကြောင့် ဘယ်လောက်ခံစားခဲ့ရတယ်
မှတ်လဲ!၊‌မင်းကလေးကို လွယ်ထားတဲ့အမျိုးသမီးက ပတ်ဝန်းကျင်ဒဏ်ကို ဘယ်လောက်တောင် လူးပြီး ခံခဲ့ရတာမို့လဲ!!၊မင်းပါးစပ်က
လက်လွှတ်စပယ် ပြောချင်တာတွေ ပြော
လုပ်ချင်တာတွေ လုပ်!!အေး မြကတော့
ဘယ်လောက်တောင် မင်းကြောင့်နဲ့ ပင်ပန်းခဲ့ရလဲ!!မင်းဒူးထောက်ပြီး သေမတတ်တောင်းပန်ရင်တောင် မြအပေါ်မင်းအပြစ်တွေကို မကျေသေးဘူး!!၊မင်းကွာ...မြကိုမှ မြကိုမှ ဘယ်လိုတောင် လုပ်ရက်တာ..."

ဦးခေတ်လျှံက ဦး၏ စကားများကို နားပိတ်ကာ
အော်ဟစ်နေရင်းမှ ရုတ်ချည်းသေနတ်ကို ဆွဲထုတ်ကာ ဦးကို ချိန်လိုက်၏။

"ဦးခေတ်လျှံ...."

"ခင်ဗျား..."

"မင်းပါးစပ်ပိတ်ထား!!!"

"ငါလေ...ငါ မြကိုလာခေါ်တယ်လေ မြမှမလိုက်တာ...ငါ သူ့ကိုလာခေါ်ခဲ့ပေမယ့် သူ့ကမင်းကိုပဲ
ရွေးချယ်ခဲ့တာလေ...ဟက် မြက သိပ်ကိုရက်စက်တယ် လင်းမောင်ရာ...နောက်ဆုံးချိန်ထိ ငါ့ကို
မရွေးချယ်ခဲ့ဘူး၊မင်းပဲတဲ့...သူက မင်းပဲတဲ့လေ ဟား ဟား ဟား"

လွမ်း(COMPLETE)Where stories live. Discover now