အခန်း (၁၂)

72.6K 8K 699
                                    

အိမ်ပြန်လမ်းဟာတိတ်ဆိတ်စွာပင်။ ခြေကျင်းဝတ်ရှိအနွေးဓာတ်လေးမှာလတ်ဆတ်စွာပင်ရှိနေတုန်း​​​ဖြစ်၏။
ထိုအခိုက်တန့်ဝယ်ဖြတ်တိုက်သွားတဲ့လေပြေကအစနွေးထွေးနေခဲ့သည်။

" ငါမင်းကိုရည်းစားစကားပြောတာ "

အဲ့တာထပ်ဆင့်ပြောလာတဲ့စကားဖြစ်ပြီးနေသက်နွေးအတွက်တုံ့ပြန်ဖို့ဘယ်လိုမှမတက်နိုင်ခဲ့ပါချေ ။ ရင်ထဲတလှပ်လှပ်ဖြင့်ပူနွေးလာသောသွေးနဲ့ခြားနားစွာလက်ဖျားထိပ်ကလေးတွေကတော့အေးစက်လျက်ပင်။

' အချစ် ' ဟူသောဝေါဟာရ အတွက်သူ့မယ်မတွေးတောတက်။ ခေါင်းလေးစောင်းရင်းထိုလူ၏နောက်ကျောကိုငေးကြည့်ရင်းကနေပဲ အတွေးပါးပါးလေးတွေခေါင်းထဲဟိုသည်ဖြတ်ဝင်လာရချေသည်။

ဆိုင်ကယ်ကတော့အိမ်ရှိရာဆီအရှိန်မှန်မှန်ဖြင့်ဘီးလှိမ့်နေဆဲ​ဖြစ်ကာ
ချောင်းနှင့်သစ်ပင်ရိပ်တွေအားတဖြေးဖြေးကျော်ဖြတ်ရင်းသောက်နေကျ အအေးဆိုင်လေးကလည်းခုံတွေမှောက်လို့ပိတ်သိမ်းသွားပြီဖြစ်သည်။

အရာရာဟာတိတ်ဆိတ်လို့ ကောင်းကင်ယံဝယ်အလင်းအသေးအမွှားသာကျန်ရှိနေ၏။ နေသက်နွေးခြေ ချောင်းလေးတွေအားမကြာခဏဆိုသလိုကုတ်ကြည့်ရင်း အဲ့သည့်အထိအတွေ့လေးကို ပြန်ရစ်နေမိသည်။

လူဖြစ်ရှုံးတယ်လို့အများကသမုတ်တဲ့သူ့ဘဝတွင်အဖိုးတန်ရတနာလေးကောက်ရလိုက်သလိုမျိုး၊ နေပူနေချိန်သစ်ပင်ရိပ်ကလေးတွေ့လိုက်ရသလိုမျိုး။

ဟုတ်ပါရဲ့ ။

ဒီလူဟာ သစ်ပင်ကလေး။ မဟုတ်ရင်ဘာကြောင့်များဒီလောက်အေးချမ်းစေပါ့မလဲ။

ရင်းနှီးနေတဲ့ပတ်ဝန်းကျင်ရဲ့မြင်ကွင်းအရအိမ်ပြန်ရောက်ပြီဆိုတာသိလိုက်ရသည်။ ဆိုင်ကယ်ဒေါင့်ထောက်ပြီးတာနှင့်ကျော်ဇေယံထွဋ်နေသက်နွေးအား ဦးထုပ်ကြိုးဖြည်ပေးလေသည် ။

   " ရေမိုးချိုးပြီး ထမင်းစား။ ပြီးရင် နားတော့ "

သူ့အသံမှာပုံမှန်ဖြစ်ကာပတ်ဝန်းကျင်တွင်အမှောင်ရိပ်တွေမြူးကူးနေတာမို့ကျော်ဇေယံထွဋ်၏မျက်နှာအနေအထားအားမမြင်ရချေ။

နေရောင်ခြည်လို   နွေးWhere stories live. Discover now