အခန်း-၁

916 98 3
                                    

အခန်း-၁

အနီရောင် မင်္ဂလာ အခမ်းအနားဝတ်စုံကို ဝတ်ဆင်ထားသည့် လင်းရန် ခမျာ ခန်းဝင်ကုတင်ပေါ်တွင် တောင့်တောင့်ကြီးထိုင်နေလေသည်... စိတ်ထဲမှာတော့ သေချင်စိတ်တဖွားဖွား...

လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ သူ့ကိုယ်သူ နာမ်ရွှေ့ပြောင်းသွားခဲ့ပါလားဆိုတာကို သူသိလိုက်ရသည်.. ဘယ်လိုမှ ယုတ္ထိ မရှိသော်လဲ သူ့ဘာသူ သူ့အခန်းထဲသူအိပ်နေရင်း ဒီလိုဖြစ်သွားခြင်းဖြစ်သည်... ဟုတ်ပါသည်လေ.. ဒါမျိုးက ဘာအကြောင်းပြချက်များလိုလို့လဲ... ဒါ့အပြင် သူဒီလို နာမ်ရွှေ့ပြောင်းသွားတယ်ဆိုကတည်းက golden finger (ဇာတ်လိုက်ရဲ့ အစွမ်းတွေ အထူးခံစားခွင့် တွေ ) ကို ရပြီး ဘ၀ရဲ့ အထွတ်အထိပ်ကို ရောက်တော့မယ်လို့ သူခံစားမိနေတယ်..

ခမ်းနားစွာပြင်ဆင်ထားသော မင်္ဂလာ အခန်းရယ်.. သူဝတ်ထားတဲ့ မင်္ဂလာအဝတ်အစားရယ်ကို ကြည့်ခြင်းအားဖြင့် သူ့အထင် ဩဇာရှိတဲ့ မိသားစုက မိန်းမပျိုတစ်ဦးဦးနဲ့ မင်္ဂလာဆောင်ထားတာဖြစ်ရမည်..

နည်းနည်းတော့ ပျော်သား.. ဟဲဟဲ..

ရုတ်တရတ် အနက်ရောင် ဝမ်းဆက်ဝတ်ဆင်ထားသော လူတစ်ယောက် ပြတင်းပေါက်မှဝင်လာပြီး သူ့ကိုယ်သူ လင်းရန်ရဲ့ ဆရာတူအကိုလို့ ပြောလာသည်.. လင်းရန်က သူ့ကို အူကြောင်ကြောင်နဲ့ ကြည့်နေတာကိုမြင်တော့ သူက သူတို့ လုပ်ရမယ့် တာဝန်ကို နောက်တခေါက် ထပ်ရွတ်ပြသည်.. ဒီတော့မှ လင်းရန် သဘောပေါက်သွားတာက သူက လျှိုရှန်းဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ဖြစ်ပြီးတော့ ဒီကို သူလျှိုလာလုပ်ခြင်းဖြစ်တယ် ဆိုတာပဲ..

လင်းရန် : "အပြင်အဆင်ကိုကြည့်ရတာ ကျွန်တော်က မိစ္ဆာဂိုဏ်းချုပ် ရဲ့ သမီးနဲ့ လက်ထပ်လိုက်တာထင်တယ် ဟုတ်လား?"

နဂိုထဲက မအောင်မြင်မှာစိုး၍ စိတ်လှုပ်ရှားနေသည့် ဆရာတူအကိုက သူ့ခေါင်းကို တချက်ချသည်. "အိပ်တာများပြီး လွတ်သွားပြီလား.. မင်းက မိစ္ဆာဂိုဏ်းချုပ်ရဲ့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ရမှာလေ... ဒါမှ သူ့ဘေးမှာ နေ့ရော ညရော နေပြီး သူ့ကို စောင့်ကြည့်နိုင်မှာပေါ့"

Evil Cult undercover gets exposed everyday (အလွန်တော်သောသူလျှို)Where stories live. Discover now