ဇာတ်သိမ်းပိုင်း

375 55 2
                                    

၄၅

ဂိုဏ်းပြန်ရောက်တာနဲ့ ကျိဝူရှယ် အရင်ဆုံး စာအုပ်စင်က မြေပုံကို ယူကာ စားပွဲပေါ်တွင် ဖြန့်လိုက်သည်.. လေ့လာရေးခရီးထွက်ရမှာမို့ပျော်နေတဲ့ သူငယ်တန်းကျောင်းသားလေးတစ်ယောက်လို သူက စိတ်လှုပ်ရှားစွာ ဖြင့် လင်းရန်ကို လှမ်းခေါ်သည်.."ဇနီးလေး လာ.. ကိုယ်တို့ဘယ်ကို အရင်ဆုံးသွားကြမလဲ"

လင်းရန်က သူခုနတုန်းက စကားမှားထွက်သွားတဲ့ ကိစ္စကို ဆက်မေးမည်စိုးသောကြောင့် မြေပုံကို အလွန်စိတ်ဝင်စားဟန်ဖြင့် ကြည့်ပြီး "ဖတ်ပြပါလား"

ကျိဝူရှယ်က ခေါင်းညိတ်သည်..ထို့နောက် စာရွက်ပေါ်မှာ လက်ကိုထောက်ပြီး အလွန်ညင်သာသော လေသံအေးအေးဖြင့် ရှင်းပြသည်.."ကျွင်းရှန်းမြို့ရဲ့ အနီရောင် မေပယ် ရွက်တွေ လှတဲ့ကာလ..နောက်လလောက် အဲ့ဒီကိုသွားရင် အတော်ပဲ.. ဒီမှာ မြို့ရဲ့ အလှကို ရက်အနည်းငယ်လောက် ခံစားကြမယ်.. ပြီးရင် အဲ့ဒီနဲ့ ၂၀၀ လီလောက်အကွာမှာရှိတဲ့..."

လင်းရန်က စိတ်ဝင်တစားနားထောင်ပြီး ခေါင်းတဆတ်ဆတ်ညိတ်သည်..

ကျိဝူရှယ်ကသူ့ကိုလှည့်ကြည့်ကာ ပြုံးလိုက်ပြီး..လျှပ်တပြတ်မေးလိုက်သည်.. " ဇနီးလေး ခုနကပြောတဲ့ သူလဲအဲ့လိုပဲ ဆိုတာ ဘာ အဓိပ္ပာယ်လဲ မင်းလဲ ကိုယ့်လိုပဲ စိတ်ဝိညာဉ်ပြောင်းသွားတာလား"

လင်းရန်က မြေပုံထဲစိတ်ရောက်နေတာမို့ အငိုက်မိကာ ခေါင်းညိတ်မိသွားသည်..

ကျိဝူရှယ် "ထင်တဲ့အတိုင်းပဲ"

လင်းရန် ခါးသက်သက်ဖြင့် "စကားနှိုက်တာကလည်း မြန်လိုက်တာ "

ကျိဝူရှယ်က ရုပ်တည်ဖြင့် ပြန်နောက်သည်.... "ယောကျာ်းက တွေးတာမြန်တယ်"

လင်းရန် "ကျွန်တော်က တခြားနေရာတခုက လာတာ.. ခဗျားတို့ အသုံးအနှုန်းအရပြောရရင် စိတ်ဝိညာဉ်က ဒီခန္ဓာကိုယ်ထဲဝင်သွားတာမျိုးပေါ့"

You've reached the end of published parts.

⏰ Last updated: Aug 31, 2022 ⏰

Add this story to your Library to get notified about new parts!

Evil Cult undercover gets exposed everyday (အလွန်တော်သောသူလျှို)Where stories live. Discover now