အခန်း-၁၀

231 48 1
                                    


၄၀

ဒီလို ခေါင်းမာပြီး အူကြောင်ကြောင်နိုင်တဲ့ ဆရာတူအကိုကို လင်းရန်ဘာလုပ်ရမှန်းတောင်မသိပါ.. နားလည်ပမလား မသိပေမယ့် သူ ရှင်းပြသည်.." အကိုမယုံရင် အခုကျွန်တော်တို့ ဂိုဏ်းကိုပြန်ကြည့်မယ်.. ဖန်းခွန် နဲ့ ချိုင်ချွမ်း ရှိမရှိ.. ဒီလုပ်ရပ်က ကျိဝူရှယ်ကို ချောက်တွန်းချင်တာအသိသာကြီး"

ဆရာတူအကို က လင်းရန်ကို သနားသည့်အကြည့်ဖြင့်ကြည့်ကာ ကဗျာရွတ်သည်.. "လောကကြီးကိုမေးတယ်..အချစ်ကဘယ်မလဲ"

ထိုအချိန်မှာပဲ ယောကျာ်းသံတခုက သူတို့၂ယောက်အနောက်နားမှပေါ်လာကာ ကဗျာကို ဆက်ဆိုသည်.. "လူတွေဟာ ဒီမေးခွန်းကိုပဲရှာဖွေရင်း ဘ၀ကိုအဆုံးသတ်တယ်"

ဆရာတူအကိုက ခြေကိုဆောင့်လိုက်ပြီး "လူဆိုးကြီး"

လင်းရန် နှုတ်ခမ်းထောင့် တွန့်သွားမိသည်.. သူလှည့်ပြီး အနောက်ကလူကိုလှည့်ကြည့်လိုက်၏.. သို့ပေမယ့် ဘေးမှာ ဘယ်သူမှမရှိဘူးလို့များထင်သည့်အလား ပြေးသွားပြီးပွေ့ဖက်နေကြသည့် လူ၂ယောက်ကြောင့် မျက်လုံးတွေတောင် ကန်းချင်သွားရသည်... မေးစရာမလိုဘူး သေချာတယ် ဒါ လွီကုရန်ပဲဖြစ်ရမယ်.. သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး..မျက်နှာအောက်ပိုင်းကို အနက်ရောင်အဝတ်ဖြင့်ဖုံးထားသည်.. မျက်ခုံးထူထူနဲ့ မျက်တောင်ရှည်များရှိပြီး.. ပြုံးယောင်သန်းနေသည့် မျက်ဝန်းတစုံလဲရှိသည်.. သူ့ရဲ့ ပုံစံက ဂျစ်ကန်ကန် အသွင်ဘက်လည်း နည်းနည်းရောက်သည်..သူကကြည့်ကောင်းတဲ့လူဆိုတာ မျက်နှာ တခုလုံးမမြင်တာတောင်သိသာ သည်.. ဆရာတူအကို ဒီလောက် ထိန်းမနိုင်သိမ်းမနိုင် ကြွေနေတာလဲ မပြောနဲ့..

သူဝတ်စားထားပုံက ပုံမှန်မဟုတ်တာကို ဆရာတူအကိုက သူနဲ့ အတော်ကြာ ပလူးပြီးမှ သတိထားမိသွားသည်.. "ဒီလို ဝတ်စားထားပြီး ဘယ်သွားပြီး ဘာလုပ်မလို့လဲ "

လွီကုရန်က မျက်စိတဖက်မှိတ်ပြလိုက်ကာ "မကောင်းတာ သွားလုပ်မလို့"

Evil Cult undercover gets exposed everyday (အလွန်တော်သောသူလျှို)Where stories live. Discover now