အခန်း-၅

268 57 4
                                    

အခန်း-

၂၂

ထိုသို့ဖြင့် လှုပ်မရအောင် အကြောပိတ်ခံထားရသည့် ဆရာတူအစ်ကိုသည် အမိုးတစ်ခုပေါ်တွင် အခြောက်လှန်းရန် ပစ်ထားခံရသည်.. လင်းရန်ကတော့ ကျိဝူရှယ်နဲ့ အတူ ကြောက်ကြောက်ဖြင့် ပြန်ပါလာရသည်.. သူက မြင်းမစီးတတ်သည့်အတွက် ကျိဝူရှယ်က မြင်းလှည်းတစ်စီးကို ဘယ်ကတည်းက ဘယ်လို ပြင်ဆင်ထားသည်မသိ .. သူ့အတွက် ထုတ်ယူလာ၏..ခရီးတစ်လျှောက်လုံး လင်းရန်ခမျာ အလွန်စိတ်လှုပ်ရှားနေရသည်.. ကျိဝူရှယ်က သူ့ကို ရုတ်တရက် 'မင်းနဲ့ ဆရာတူအကို ဘယ်လိုလုပ်အတူရှိနေတာလဲ' ဆိုတာမျိုးလှည့်မေးလိုက်မှာကို လည်း သူအရမ်းကြောက်သည်..သို့ပေမယ့် သူထင်သလိုဖြစ်မလာပါ.. ကျိဝူရှယ်က ပြတင်းပေါက်အပြင်ဘက်ကို မေးထောက်ကာ ငေးနေသည်.. မျက်နှာက တည်ငြိမ်ပြီး ရှင်းသန့်နေ၏..

လင်းရန်ကတော့ မတည်ငြိမ်နိုင်ပါ..သူ့အတွေးတွေက ယောက်ယက်ခပ်နေပြီး.. ဒီ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဘယ်လိုကယ်ထုတ်ရမလဲ ဆိုတာကို အကြံထုတ်မရဖြစ်နေသည်.. သူက အူကြောင်ကြောင် စာကြမ်းပိုးတစ်ယောက်ဖြစ်တယ်ဆိုပေမယ့် ဒီလိုမျိုး လူအရှင်လတ်လတ်တွေကို ဆေးဖော်ဖို့ အသုံးချမှာကိုတော့ ဘယ်လိုမှ ဒီအတိုင်းထိုင်ကြည့်မနေနိုင်ပါ.. ဒါအရမ်းရက်စက်လွန်းတယ်..

ထိုအချိန်မှာပဲ ကျိဝူရှယ်က ဆတ်ခနဲ သူ့ကို လှည့်ကြည့်သည်..

လင်းရန်တစ်ယောက် ကြောက်လွန်းလို့ ထိုင်နေရာကနေ ဒူးထောက် တော့မလိုပင်ဖြစ်သွားသည်..

ကျိဝူရှယ်က ပြုံးသည်... "အိပ်ခန်းဆောင်အတွင်း အနုပညာဖတ်တာ ဘယ်ထိရောက်ပြီလဲ"

လင်းရန် ခဏခန့်တိတ်သွားသည်.. ထို့နောက် မကျေမနပ်ဖြင့် ပြန်ဖြေသည်.."၀ူစုန့် နဲ့ ကျားနဲ့ ချတဲ့ အခန်းရောက်ပြီ"

ကျိဝူရှယ်က အော်ဟုအသံပြုသည်... ထို့နောက်သူ့ပါးစပ်ကို လက်ဖြင့်ပိတ်ကာ တဖက်လှည့်သွားပြီး အပြင်ကို ပြန်ဆက်ကြည့်သည်... မျက်ဝန်းများကတော့ ရယ်နေသောကြောင့် လဝန်းလို ကွေးနေ၏..

Evil Cult undercover gets exposed everyday (အလွန်တော်သောသူလျှို)Where stories live. Discover now