အခန်း-၃

307 59 1
                                    

အခန်း-

၁၁

လင်းရန် လှည့်ကြည့်လိုက်တော့ သူ့ရဲ့ ဆရာတူအစ်ကို ကို ကုတင် ထောင့်လေးမှာ ခွေခွေလေး ကပ်နေတာတွေ့ရသည်... ကြောက်တယ် ဆိုတဲ့စာလုံး၂လုံးကို သူ့မျက်နှာပေါ်မှာ စာလုံးကြီးနဲ့ မရေးထားရုံတမယ် သာ....

သနားစရာ လင်းရန်ခဗျာ ဆရာတူအစ်ကိုကို ထုကာထုကာဖြင့် အော်မိသည်.. "ခဗျားကြောင့်..အဲ့တာ ခဗျားကြောင့် ... ဘာလို့ ဒီကိုခဏခဏလာနေရတာလဲ"

ဆရာတူအကိုက အသက်ပြင်းပြင်းရှုလိုက်ကာ ပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားရင်း.. "ကြည့်ရတာ သူက မင်းဘယ်သူဆို တာ ဖော်မယ့်ပုံမပေါ်ဘူး.. လျှိုရှန်းဂိုဏ်းမြင်အောင် ဆက်ဟန်ဆောင်ပြနေမယ်ထင်တယ်.. မင်းသူ့နားမှာ ဆက်နေလို့ ဘာမှ အမှန်သိရမှာမဟုတ်ဘူး"

လင်းရန်က စိတ်ညစ်ညစ်ဖြင့်ပြန်ပြောသည်.. "ဘာမှ မသိရလောက်ဘူး ဆိုမှတော့ ကျွန်တော်လဲ ဒီကနေထွက်သွားတော့မယ်.. သွားလိုက်ဦးမယ်ဗျာ တတာ အကို"

ဆရာတူအကိုက သူ့ကိုဂုတ်ကလှမ်းဆွဲလိုက်ပြီးနောက် လည်ပင်းကို လက်ဖြင့် ဖြတ်သည့် လက်ဟန်လုပ်ပြလိုက်ပြီး "ကျိဝူရှယ်ကို သူ့အပြစ်တွေအတွက် သတ်မပစ်ရသေးမချင်း ဒီကနေထွက်သွားဖို့ လုံးဝစိတ်ကူးမယဉ်နဲ့"

လင်းရန်က "ဒါဆို ကျွန်တော်က အခု ဘာလုပ်ရမှာလဲ"

ဆရာတူအကို "သူ့ အတွင်းဆောင်ကို သွားကြည့်ကြည့်.. ကျိဝူရှယ်ရဲ့ ယောကျာ်းကိုယ်လုပ်တော် တွေတခုခုတော့သိမှာပဲ.. ငါသိရသလောက် ကျိဝူရှယ်က သူ့ ကိုယ်လုပ်တော် ၁၇ယောက်ကို ခြံဝန်းအကြီးကြီးနဲ့ တစုတစည်းတည်းထားတာတဲ့.. မင်းတစ်ယောက်တည်းသာ သက်သက်ခွဲထားတာ"

လင်းရန်ရုတ်တရက် ကြောက်သွားသည်.."ဘာလို့လဲ?"

ဆရာတူအကိုကလဲ မရေမရာနဲ့ ပြန်မေးသည်.."မင်းက ရုပ်ဆိုးလို့များလား?"

လင်းရန် သူ့ ကျောကို တဘုန်းဘုန်းထရိုက်လိုက်သည်..

Evil Cult undercover gets exposed everyday (အလွန်တော်သောသူလျှို)Where stories live. Discover now