Ch-1🌹

1.8K 173 27
                                    

Appaဖြစ်သူနဲ့အတူ ဘူဆန်ဖက်က Homeမိဘမဲ့ကျောင်းလေးကိုLisaကျောင်းအားတာနဲ့လိုက်လာခဲ့မိတယ်...Ommaဖြစ်သူ(3)နှစ်ပြည့်အတွက် အလှုအတန်းလုပ်ရန်လည်းဖြစ်တာကြောင့်Lisaလည်း လိုလိုချင်ချင်လိုက်လာမိခဲ့တယ် လမ်းတစ်လျှောက်တိုက်ခတ်လာတဲ့လေအေးလေးတေကြောင့် Lisaမျက်နှာတစ်ပြင်လုံးအေးနေသလိုခံစားရကာ...

"မိန်းခလေးဖြစ်နေတာနဲ့ မိန်းခလေးတစ်ယောက်ကိုချစ်မိသွားတာက အမှားတစ်ခုဖြစ်သွားတာလား....စိတ်ချပါ ငါနင့်အနားကိုဘယ်တော့မှမလာတော့ပါဘူး Miyaရယ်...."

စိတ်ထဲကနေတစ်ဖတ်သတ်ချစ်ခဲ့ရသူအကြောင်းကိုLisaတွေးကာတီးတိုးလေးရေရွတ်မိလိုက်တယ်...

ခနအကြာတော့ Homeဆိုတဲ့ဆိုင်းဘုတ်ကိုLisaတွေ့မိတာကြောင့် ...

"Appaရောက်ပြီလား..."

"ရောက်ပါပီLiliလေးရယ် ...."

"Nae...."

Driverဖြစ်သူကကားပါးကင်ထိုးကာ ကားတံခါးကိုလာဖွင့်ပေးတာကြောင့် Lisaတို့သားအဖနှစ်ယောက်ဆင်းလိုက်ကာ ကျောင်းရဲ့ရုံးခန်းဖက်ကိုအရင်ထွက်လာလိုက်တယ်...

ကျောင်းရုံးခန်းထဲရောက်တော့ ကျောင်းအုပ်ကြီးဖြစ်သလို Lisa Appaရဲ့သူငယ်ချင်းဖြစ်သူDavidကတွေ့ပြီး...

"ဟော Micro...မင်းတို့ရောက်လာပြီလား."

"အေးကွာ စောစောလေးလာလိုက်တာ..."

Microနောက်မှာရပ်နေပြီးရုံးခန်းထဲကဓာတ်ပုံတေကိုကြည့်နေတဲ့Lisaကိုတွေ့ကာDavidက...

"Liliလေးလည်း ပါလာတာပဲ...."

ပြုံးကာနှုတ်ဆက်တော့Lisaလည်းAppaဖြစ်သူဘေးနားရပ်ကာခေါင်းလေးကိုငြိမ့်လိုက်ရင်းDavidကိုပြုံးပြကာ...

"Nae...အန်ကယ်David ...Liလည်းကျောင်းပိတ်လို့လိုက်လာခဲ့တာ..."

"အာ့ ဟုတ်သားပဲ Liလေးတို့တောင် အထက်တန်းစာမေးပွဲဖြေပီးသွားပီပဲ..."

"Nae..."

Microကတော့Lisa ပုခုံးလေးကိုဖက်လိုက်ကာ...

"ငါကတော့ ငါ့သမီးလေးကို ယောကျ်ားလေးလိုပဲအားကိုးတယ်ကွာ ကြည့်ပါလား မိန်းခလေးဆိုပေမယ့် ကျားယားနေတာ...."

Baby's DaddyWhere stories live. Discover now