Ch-13🌹

1.6K 127 30
                                    

Lisaတို့သုံးယောက်လဲရယ်နေရာကနေJenကLisaကိုကြည့်ကာ...

"Lisa...Yarrr...ဘယ်လိုလုပ်မယ်တွေးထားလဲ...."

မေးလာတာကြောင့်  Lisaက...

"Omm...ခုနကပြောသလိုပဲလုပ်မယ်..."

ပြောလာတော့Sooကနေ...

"အေး အဲ့တာကတော့ဟုတ်ပါပြီ ကလေးကိုနင့်ခလေးအရင်းလို့ကြေငြာမှာလား? မွေးစားထားတာလို့ကြေငြာမှာလား?အဲ့ကိစ္စကို နင်သေချာတွေးသင့်တယ်နော်...."

အလေးနက်ထားပြီးမေးလာတာကြောင့် Lisaလဲ ကိုယ်ကိုမတ်လိုက်ကာ သူငယ်ချင်းနှစ်ယောက်ကိုကြည့်လိုက်ရင်း...

"Babyကိုငါကဖန်ပြွန်သ‌ေန္ဒနဲ့မွေးထားတာလို့ကြေငြာမယ်။BabyကLalisa Manobanတစ်ယောက်တည်းရဲ့ကလေးဖြစ်တယ်ဆိုတာကို ချပြမှာ...."

လေးနက်တည်ကြည်စွာပြောလိုက်တော့JenကLisaကိုကြည့်ကာ...

"ငါကတော့တားချင်တယ်ဟယ် ဒါပေမယ့် နင်ခေါင်းမာတာကိုလဲ ငါသိထားတော့မပြောတော့ပါဘူး။ ဒါပေမယ့် ဟိုကလေးက ဟူး ...ငါမပြောတော့ဘူးဟယ် တွေးရင်းရင်မောလာပြီ နင့်အစားကို..."

ရင်ဖတ်လေးဖိရင်းပြောလာတာကြောင့် Lisaနဲ့Sooတစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ရင်းခေါင်းငြိမ့်ပြကာLisaကသူ့ကိုစိတ်ပူနေတဲ့Jenကိုပြုံးပြီးကြည့်လိုက်ကာ...

"Jennie Yarrr...နင်စိတ်ပူနေတာကိုငါရော Sooရောနားလည်ပါတယ် Babyနဲ့ငါက ဘာမှသွေးသားမတော်စပ်တာကိုလဲငါသိပါတယ်။ ဒါပေမယ့် နင်စိတ်ပူနေတဲ့ကိစ္စကဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ဘာလို့ဆိုတော့ Chae Young Manobanက ငါ့ရဲ့Babyလေးဖြစ်နေလို့ပဲ...."

ခပ်အေးအေးပြောလာတာကြောင့် Sooက...

"နင့်စိတ်ကိုလဲနားလည်သလို ငါမန်ဒူလေးစိတ်ပူနေတာကိုလဲနားလည်တယ်။နင်ဆုံးဖြတ်ချက်ချထားတာကို နင့်Appaကိုရောပြောပြီးပြီလား...."

မေးလိုက်တော့Lisaကခေါင်းရမ်းလိုက်ကာ...

"အာ့ညီး ငါမပြောရသေးဘူး...."

"Uncleက လက်ခံပ့ါမလား...."

Jen ကမေးလာတော့Lisa က...

"ပြောတာကပြောရမှာ Appaကလက်ခံပေးမှာပါ...."

Baby's DaddyWhere stories live. Discover now