Part-21🌹

595 71 9
                                    

MiyaကိုLisaက...

"လွန်ခဲ့တဲ့ 3နှစ်ကျော်ကLalisa Manobanဆိုတာသေသွားခဲ့ပါပြီ။အခုချိန်မှာကLalisa Manobanရဲ့ဘဝထဲမှာBabyဆိုတဲ့ချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်ကလွဲဲပြီးဘယ်သူကိုမှအချိန်မပေးနိူင်တော့တဲ့အတွက်ခွင့်လွှတ်ပါလို့ပဲပြောချင်တော့တယ်"

တည်ငြိမ်စွာပြောလာတာကြောင့်Miyaအံ့သြသွားကာLisaကို...

"Borrr...Liဘာပြောလိုက်တာ..."

"ဟုတ်တယ်။Liကအခုကလေးတစ်ယောက်ရဲ့Daddyတစ်ယောက်ဖြစ်နေပြီလေ။အဲ့တာကြောင့်Liကျန်တဲ့အရာတေကိုမစဥ်းစားချင်တော့ဘူး။ငယ်ငယ်လေးကတည်းကမေတ္တာတရားကိုလိုအပ်နေတဲ့Babyအတွက်ပဲLiဆိုတာဖြစ်တည်ပေးတော့မယ်"

"Li..ရူးနေတာလား..."

"အာ့ညီး..Liမရူးပါဘူး"

"Liအသက်ကခုမှ 19နှစ်လေ။ပြီးတော့အဲ့ကလေးကတစ်ချိန်မှာသူကသူ့ဘဝနဲ့သူသွားမှာပဲ။Miအခုကိုရီးယားကိုပြန်လာတာကLiကြောင့်ပဲ။အဲ့တာကိုLiသိရဲ့လား။ဘာမဟုတ်တဲ့ကလေးတစ်ယောက်အတွက်နဲ့Liရဲ့လူငယ်ဘဝကိုဆုံးရှုံးခံတော့မလို့လားLiရယ်။မွေးစားတာကိုMiမပြောလိုပါဘူး။ငယ်သူငယ်ချင်းသံယောဇဥ်ရောLiရဲ့Miအပေါ်မှာထားတဲ့အချစ်တေကဘယ်ရောက်ကုန်တာလဲ။အဲ့တာကိုပြောစမ်းပါLiရဲ့။Miကိုပြောစမ်းပါ"

Miyaကစိတ်တိုစွာရင်ဖတ်ကအက်ျီစကိုဆွဲရင်းအော်လိုက်တာကြောင့်LisaကMiyaကိုင်ထားတဲ့လက်တေကိုဆွဲဖယ်ပစ်လိုက်ကာ...

"ပြောပြီးပြီပဲ။အဲ့Lalisa Manoban ကသေသွားပြီလို့"

"Liအချစ်တေကအဲ့လောက်တောင်အပြောင်းအလဲမြန်တာလား ဟမ်။အရင်အချိန်တုန်းကMiနားမှာတစ်ချိန်လုံးရှိနေတာ‌‌ေတွကရော အလိမ်ညာတေွလား"

"မင်းထင်ချင်သလိုထင်လို့ရတယ်။ဘာပြောစရာရှိသေးလဲ မရှိတော့ရင်ငါသွားတော့မယ်။Babyကိုကျောင်းသွားကြိုရတော့မှာ"

အခန်းအပြင်ကိုထွက်တော့မယ့်အချိန်Miyaကနောက်ကနေLisaကို...

"နေဦး.."

လှမ်းတားလိုက်တာကြောင့်Lisaလဲနောက်ကိုပြန်လှည့်ကြည့်ကာ...

"ပြောစရာကျန်သေးတာလား?"

Baby's DaddyWhere stories live. Discover now