Ch-3🌹

1.1K 143 28
                                    

At Manoban Home...

Diverကကားကိုခြံထဲကပါးကင်မှာထိုးလိုက်ရင်း...

"သခင်ကြီး ရောက်ပါပီ...."

"အေး အေး..."

Microကားနောက်ခန်းကိုလှည့်ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတဲ့ Lisa တို့နှစ်ယောက်ကိုကြည့်ပြီးပြုံးလိုက်ကာDriverကို...

"လုပ်စရာရှိတာသွားလုပ်လိုက်တော့ Liလေးတို့ကို ငါခေါ်လာခဲ့မယ်..."

"Nae... သခင်ကြီး..."

Driverလည်းMicroကိုအရိုသေပေးပြီးထွက်သွားတော့မှ Microလည်းကားပေါ်ကနေဆင်းကာနောက်ခန်းကိုလာလိုက်ရင်းအိပ်မောကျနေတဲ့ Liပုခုံးလေးကိုခပ်ဖွဖွပုတ်ကာ...

"Li...Liလေး ထတော့လေ အိမ်ရောက်နေပြီ..."

နိူးလိုက်မှ Lisaလည်း အိပ်စုံမှုန်မွှားဖြစ်ကာ မျက်လုံးကိုဖွင့်လိုက်ပြီး...

"အာ့ Nae...Appa...."

Micro ကိုပြောလိုက်သလို ရင်ခွင်ထဲကိုကြည့်လိုက်တော့ အကောင်ပေါက်လေးက လက်ညိုးလေးကိုစုတ်ကာအိပ်ပျော်နေဆဲဖြစ်တာကြောင့် ကားဘေးမှာရပ်နေတဲ့Microကိုကြည့်ကာ...

"Appaအိမ်ထဲအရင်ဝင်နှင့်လိုက်နော် Liနောက်ကလိုက်လာခဲ့မယ်..."

"ဖြစ်ရဲ့လားLiလေးရဲ့ တစ်လမ်းလုံးလည်းခလေးလေးကိုပွေ့ချီလာရတာ Appaခေါ်သွားပေးရမလား..."

"ရတယ် Appa...BabyကိုLiပဲခေါ်လာခဲ့မယ်..."

"ကောင်းပါပီဗျာ ဒါဆိုAppaဝင်နှင့်ပီနော်..."

"Nae...Appa..."

Microအိမ်ထဲဝင်သွားတော့Lisaလည်းကျင်နေတဲ့ခြေထောက်ကြောင့်ကားထဲခနထိုင်နေလိုက်ပြီး အိပ်ပျော်နေတဲ့အကောင်ပေါက်လေးရဲ့ပါးဖောင်းဖောင်းလေးတေကိုလက်ညိုးလေးနဲ့တို့ကာ...

"ဘာလို့ခုလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရတာလည်းကွာ...ဂေဟာမှာတုန်းကရော ဒီလိုမျိုးပဲအိပ်တတ်တာလား...."

တီးတိုးလေးရေရွတ်လိုက်ရင်းအိပ်ပျော်နေတဲ့အကောင်ပေါက်လေးကိုပွေ့ချီကာကားထဲကနေဆင်းပြီးLisaလည်းအိမ်ထဲကိုဝင်လာလိုက်တယ်...အိမ်ထဲရောက်တော့Microကကော်ဖီသောက်နေရင်းLisaကိုတွေ့တော့...

Baby's DaddyWhere stories live. Discover now