Part-18🌹

427 69 5
                                    

Miyaကသူပါလိုက်ခဲ့မယ်ပြောလာတာကြောင့်Lisaလဲတွေဝေသွားကာဘာမှပြန်မပြောပဲငြိမ်နေတာကြောင့်Miyaက...

"Liကလဲ Miကကျောင်းနေဖက်သူငယ်ချင်းတေနဲ့ပြန်တွေ့ချင်လို့လေ။Jenနဲ့Jijiတို့နဲ့လဲမတွေ့တာကြာပြီ။Miနိူင်ငံခြားကိုထွက်သွားကတည်းကကိုး။အဲ့တာကြောင့်ပါ..."

Lisaလက်မောင်းကိုဖက်တွယ်ကာပြောလာတော့မှLisaလဲခေါင်းငြိမ့်ပြလိုက်ကာ...

"Ommပါ။အဲ့တာဆိုလိုက်ခဲ့လိုက်လေ"

"Nae...ကားကတော့Liကားနဲ့ပဲလိုက်ခဲ့လိုက်မယ်။အဲ့တာတော့ဖြစ်တယ်မလား"

"ဖြစ်ပါတယ်Miyaရဲ့။LiလဲညနေBabyကိုကျောင်းပြန်ကြိုရမှာတခါတည်းလိုက်ခဲ့လိုက်ပေါ့..."

"Omm..အဲ့တာဆိုသွားရအောင်လေ..."

"Nae..."

Lisaရဲ့လက်မောင်းကိုဖက်တွယ်ကာနှစ်ယောက်သားကားပါကင်ဖက်ကိုထွက်သွားကြတာကိုကျောင်းခန်းထဲကSomiကလှမ်းကြည့်နေကာ....

"အဲ့တစ်ယောက်ကLiနဲ့ဘာတော်လဲမသိဘူး။လက်ကိုကိုင်သွားလိုက်တာသူ့အပိုင်ကျနေတာပဲ...."

တီးတိုးလေးပြောလိုက်မိပါတော့တယ်။SomiကChaeပေါက်လေးရဲ့အတန်းပိုင်ဖြစ်သလိုLisaကိုလဲမြင်မြင်ချင်းသဘောကျနေတဲ့ဆရာမလေးတစ်ယောက်ပါ။Lisaရဲ့Appaဖြစ်သူကကျောင်းရဲ့Founderဆိုတာကိုလဲတစ်ကျောင်းလုံးကသိထားကြပါတယ်။Lisaတို့ကျောင်းတက်စဥ်ကာလကတည်းကLisaရဲ့ဖြစ်တည်မှု့ကိုပါအားလုံးကသိထားကြတာကြောင့်ကျောင်းရဲ့ပျိုတိုင်းမောင်တိုင်းကြိုက်နေတဲ့နှင်းဆီခိုင်တစ်ပွင့်ဖြစ်နေခဲ့ရတာပါ။Lalisa Manobanရဲ့ကျော်ကြားမှု့ကတော့ကျောင်းသူတေရဲ့ပါးစပ်ဖျားမှာပိုပြီးရေပန်းစားခဲ့ပါတယ်။

လက်မောင်းကိုဖက်တွယ်လာတဲ့Miyaရဲ့လက်ကိုLisaကြည့်လိုက်ပေမယ့်မဖယ်ရှားမိပေ။ကျောင်းတွင်းမှာကလူတေအများကြီးရှိနေတာကြောင့်အားနာပြီးသာကားထားရှိရာဖက်ကိုခြေလှမ်းကြဲကြီးများနဲ့ထွက်လာခဲ့လိုက်တော့တယ်။Lisaနဲ့Miyaကိုကြည့်နေတဲ့သူကSomiအပါအဝင်တစ်ခြားတစ်ယောက်ရှိနေခဲ့တာကိုတော့မည်သူမှသတိမထားမိလိုက်ပေ။

ကားပါကင်ရောက်တော့ကားထဲကိုဝင်ကာမောင်းထွက်လာရင်းနှစ်​ယောက်သားစကားမပြောပဲတိတ်ဆိတ်နေတာကြောင့်Lisaကပဲဘေးမှာထိုင်နေတဲ့Miyaကို...

Baby's DaddyWhere stories live. Discover now