LisaလဲChaeပေါက်လေးကိုပွေ့ချီကာ ကားပါကင်ကိုရောက်တော့ Chaeပေါက်လေးကိုကားထဲအရင်ထည့်လိုက်ကာထိုင်ခုန်ခါးပတ်ကို ပတ်ပေးပြီး မောင်းသူနေရာဝင်ထိုင်ကာ ကားကိုကျောင်းထဲကနေချက်ချင်းမောင်းထွက်လာလိုက်တော့တယ်...
Chaeပေါက်လေးကတော့ဘေးနားကနေငြိမ်ငြိမ်လေးထိုင်လိုက်လာကာစကားမပြောတာကြောင့်Lisaကပဲအရင်...
"Baby..."
"Nae..."
"ကျောင်းလဲအပ်ပြီးပြီဆိုတော့ Babyဘယ်သွားချင်သေးလဲ Daddyလိုက်ပို့ပေးမယ်..."
ကားမောင်းနေရင်းနဲ့ပြုံးကာမေးလိုက်တော့ ခပ်တည်တည်လေးနေနေတဲ့Chaeပေါက်လေးမျက်ဝန်းတေကအရောင်လဲ့လာကာLisaကိုကြည့်ပြီး...
"တ တကယ်လားDaddy..."
"တကယ်ပေါ့ကွ..."
"အာ့ဆို Babyကို ကစားကွင်းလိုက်ပို့ပေးပါလားဟင် Babyတခါမှမရောက်ဖူးလို့..."
သွားကျိုးလေးတေပေါ်အောင်ရယ်ပြပြီးပြောလိုက်ပေမယ့် Chaeပေါက်လေးစကားကြောင့်Lisaစိတ်မကောင်းဖြစ်သွားပေမယ့် ရယ်လိုက်ကာကားမောင်းနေရင်းပဲChaeပေါက်လေးကိုခေါင်းလေးကိုခပ်ဖွဖွပုတ်လိုက်ကာ....
"ဟုတ်ပါပြီဗျာ Daddyလိုက်ပို့ပေးမယ်နော်..."
"Nae...Daddy...."
ကစားကွင်းကိုရောက်တော့Lisaက ကားကိုပါကင်ထိုးလိုက်ရင်းChaeပေါက်လေးကိုပြုံးကြည့်ကာ...
"ကဲ ရောက်ပါပြီဗျာ...."
"Nae...Nae...."
သားဖနှစ်ယောက်ကားပေါ်ကဆင်းပြီးလက်တွဲကာကစားကွင်းထဲရောက်တော့Lisa ကChaeပေါက်လေးကို...
"Babyဘာအရင်ကစားမယ်စဥ်းစားထားလဲ..."
မေးလာတော့ Chaeပေါက်လေးက ကစားကွင်းထဲကိုလှမ်းကြည့်ပြီး...
"အာ့ အာ့ညီး Babyမသိဘူး Daddy...အခုမှ စရောက်ဘူးတာလေ ပြီးတော့ ကစားကွင်းမှာက ဆော့စရာတေအများကြီးကို...."
လက်ညိုးထားကာပြောလာတာကြောင့် Lisaကရယ်လိုက်ရင်း....
"ဟုတ်ပါပြီဗျာ အဲ့တာဆို အခုစတွေ့တဲ့ Unicornလေးတေလှည့်နေတဲ့ ချားရဟတ်လေးကနေအရင် စစီးလေ..."
ČTEŠ
Baby's Daddy
Romanceယောကျ်ားလေးဆန်ဆန်ကောင်မလေးနှစ်ယောက်ရဲ့528အေးချမ်းတဲ့ချစ်ခြင်းမေတ္တာတရားကနေ1500ဆိုတဲ့ပူလောင်တဲ့ချစ်ခြင်းတရားကိုပြောင်းလဲသွားချိန်အသက်ကွာဟမှု့ကြောင့်ချစ်ခြင်းတေကိုဖုန်းကွယ်ထားပေမယ့်.....