Intro

3.9K 181 1
                                    

ချမ်းသာတဲ့အသိုင်းအဝိုင်းက ကလေးတွေပဲတတ်နိုင်ကြတဲ့ Wise ဆိုတဲ့ ပုဂ္ဂလိက ကျောင်းကြီးမှာတတ်နေတဲ့ ရှောင်ကျန့်ဟာ ချစ်ဖို့ကောင်းတယ်ဆိုပြီး ဂုဏ်သတင်းကျော်ကြားတယ် စပ်စလူးခါတဲ့ပုံစံမဟုတ်ပဲ သွက်သွက်လတ်လတ်ပုံစံ‌လေးကပင် ဆွဲဆောင်မှုရှိလွန်းလှသည်..သူ့ကိုသဘောကျတဲ့ကောင်လေးတွေဆိုတာ တစ်ကျောင်း၍းနီးပါးပါပဲ ဘာလို့လဲဆိုတော့ ကျောင်းကယောက်ျားလေးသီးသန့်ကျောင်းဖြစ်နေလို့ပင်..ရှောင်ကျန့်ရဲ့အဖေက မိန်းမလည်တစ်ယောက်ကြောင့် ရှောင်ကျန့်ငယ်ငယ်လေးကတည်း မိသားစုပြိုကွဲသွားပြီး မိန်းမတွေကိုစိတ်နာကာ  ရှောင်ကျန့်မူကြိုအရွယ်မှစပြီး Wise ယောက်ျားလေးသီးသန့်ကျောင်းမှာပဲထားခြင်းဖြစ်သည်..ဒါကြောင့်မို့ပဲလားမသိ ရှောင်ကျန့်ဟာ gayဖက်ကိုကူးပြောင်းသွားခဲ့တယ်...ဒါကိုရှောင်ပါးက ဂရုမစိုက်ပါ အိမ်ပေါ်ကို ကောင်မတွေမခေါ်လာဖို့ကအဓိက...
-----
ကျောင်းအုပ်ကြီးရုတ်ရင်ကွယ်လွန်သွားတယ်ဆိုတော့ ကျောင်းသားတွေစိတ်မကောင်းကြပေ ဒါပေမယ့်အသစ်ရောက်လာတဲ့ကျောင်းအုပ်ကြီးရဲ့ သားအသက်၃၀ခန့်ရှိတဲ့ ဝမ်ရိပေါ်ဟာ ကျောင်းအုပ်နေရာကိုဆက်ခံဖို့ဖြစ်လာခဲ့တယ်...ဝမ်ရိပေါ်ရောက်တဲ့နေ့မှ စပြီးရှောင်ကျန့်မျက်လုံးတွေဘလင်းဘလင်း ဖြစ်နေသည်...

ယမ်ယမ်ဟာရှောင်ကျန့်ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်ပြီး သူ့လိုပဲ uke လေးတစ်ယောက်ဖြစ်သည်.

"ကျန့်ကျန့် ဖြစ်ပါ့မလား အုပ်ကြီးအသစ်က ရုပ်တည်ကြီးနဲ့ ငါကြောက်တယ်"
"ငါလဲကြောက်တာပဲယမ်ယမ် ဒါပေမယ့်ငါအရမ်းတွေကြွေနေပြီ"

"အားလုံးမဂ်လာပါ ကျွန်တော်ကဝမ်ရိပေါ်ပါ ဒီမှာတာဝန်ထမ်းဆောင်မယ့်ကျောင်းအုပ်အသစ်ဖြစ်ပါတယ်"

"အား သေပါပြီ အသံလေးက ငါ ငါ.."
"ကျန့်ကျန့် ကျန့်ကျန့် လုပ်ပါဦး"
"ဘာဖြစ်တာလဲ "
"ဆရာဒီမှာရှောင်ကျန့်မေ့လဲသွားလို့"
ယမ်ယမ်ရဲ့အသံဟာ ဟောခန်းတစ်ခုလုံးကိုဖုံးအုပ်သွားတယ်..
Intro လေးဝင်ထားတာ
ကျန့်ကကျောင်းအုပ်၀မ်ကို ဘယ်လိုတွေမြူစွမ်တိုက်မလည်း🙈
မနက်လာတင်မယ်

Zawgyi

-----

Headmaster(Complete)Where stories live. Discover now