Part-1

2.4K 169 3
                                    

Unicode

*Headmaster*Part. 1
-------
ရှောင်ကျန့်သတိရတော့ သူ့ခန္တာကိုယ်လေးကနွေးနေပြီး‌တစ်ယောက်ယောက်ပွေ့ဖက်ထားသလိုခံစားနေရလို့ မျက်လုံးတွေကိုဖြေးဖြေးလေးဖွင့်ကြည့်လိုက်တော့ ကြွက်သားတွေအပြည့်နဲ့တောင့်တင်းနေတဲ့ အန္တာကိုယ်ကြီး ထင်ရှားနေတဲ့ မေရိုးတွေကကျောင်းအုပ်ကြီးဆိုတာသေချာနေပါပြီ ကျောင်းအုပ်ကြီးက ကိုယ်တိုင်သူ့ကိုပွေ့ချီသွားခြင်းပင်...ရှောင်ကျန့်မျက်လုံးလေးတွေကို အသာပြန်မှိတ်ရင်း ရင်အုပ်ကြီးကိုခိုးခိုးပြီးနမ်းနေလိုက်တယ်....

"ယမ်ယမ် သူဘာဖြစ်တာလဲ"
"လင်တရူးပြီးမေ့လဲသွားတာ"
"အချေ ကိုယ်တော်လေးက ဘယ်လိုဖြစ်တာလဲ ဘယ်သူ့ကိုသဘောကျတာတဲ့လဲ "
"ကျောင်းအုပ်ကြီး"
"ဘာ"

ကျန်းချန်မျက်လုံးပြူးသွားသည် ကျန်းချန်ကတော့ အဖြောင့်စစ်စစ်ပါ ယမ်ယမ် ရှောင်ကျန့်နဲ့ ကျန်းချန်က တိုင်ပင်ဖော်တိုင်ပင်ဖက်များဖြစ်ကြရာ အချင်းချင်းလဲ သံယောဇဉ်ရှိကြသည်...
----
ကျောင်းဆေးခန်းထဲရောက်တော့ ရှောင်ကျန့်ကိုဆရာဝန်က စစ်ဆေးပြီး..

"တစ်ခုခုကို စိတ်လှုပ်ရှားတာဖြစ်ဖြစ် လန့်သွားတာဖြစ်ဖြစ် shockရသွားတာပါ"
"ရောဂါအခံတွေဘာတွေရှိနေလား"
"မရှိပါဘူးဆရာကြီး သူကစိတ်လှုပ်ရှားတတ်တဲ့သူဖြစ်လိမ့်မယ်"
"အင်း အား ကျွန်တော်ဘယ်ရောက်နေတာလဲ"
ရှောင်ကျန့် ဟန်ကန်အပြည့်နဲ့ ထလာတော့ ကျောင်းအုပ်ကြီးနဲ့ အကြည့်ချင်းဆုံသွားပြီး ရင်တေ‌ွတဒိန်းဒိန်းခုန်လာသည်..ဒါကိုကျောင်းအုပ်ကြီးရဲ့တည်ကြည်ခန့်ညားတဲ့အသံကြီးကထိုးဖောက်လိုက်တယ်...

"မင်းအဆင်ပြေရဲ့လား"
"ဟင် ရှောင်ကျန့် ရှောင်ကျန့် မေ့သွားပြန်ပြီ ဆရာကျွန်တော့်သူငယ်ချင်းကိုလုပ်ပါဦး"
"ဆရာကြီး ကျွန်တော့်အထင် သူဆရာကြီးကိုကြောက်နေတာဖြစ်မယ် ဆရာကြီးပြန်လိုက်ပါ ကျွန်တော်တို့စောင့်ရှောက်လိုက်ပါ့မယ်"
"...."
*ငါဘာများလုပ်မိလို့လဲ ဒီကလေးတကယ်အသဲနုတာပဲ*
------
"ရှောင်ကျန့်မင်းကိုမနေ့ကကျောင်းအုပ်ကြီးက ပွေ့ချီသွားတာဘယ်လိုခံစားရလဲ"
"ငါလား ရင်တွေပေါက်ထွက်မတတ်ပဲ ဟိဟိ"
"ယမ်ယမ်ဟိုမှာကျောင်းအုပ်လာနေပြီ ငါပြောသလိုသေချာလုပ်နော် တလွဲဖြစ်ရင် မင်းအသေပဲ"

Headmaster(Complete)Where stories live. Discover now