Part-7

1.9K 137 1
                                    

Unicode

အလုပ်တွေကရှုပ်နေတာနဲ့ babyမျက်နှာလေးကိုမတွေ့ရသေးဘူး၆နာရီမထိုးခင်တော့ပြန်ရမယ် babyစောင့်နေလိမ့်မယ်...
_____
ရိပေါ်စောင့်နေပေမယ့် ၇နာရီထိုးတဲ့အထိရောက်မလာသောကြောင့်ဖုန်းဆက်လိုက်ရာဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်..
.
"ကိုယ့်ကိုရူးအောင်လုပ်နေတာလား ကျစ်"

အိမ်ကိုသွားလိုက်တဲ့အခါမှာလဲ အိမ်တံခါးကပိတ်နေတယ်..

"ဘယ်ရောက်နေတာလဲ ကိုယ့်ကိုတစ်ခွန်းမှမပြောပဲနဲ့ကွာ"

babyမရှိတဲ့ညလေးကတိတ်ဆိတ်နေတယ် ပျော်ဖို့မကောင်းဘူး ဒါသူကလေးလေးကိုအရမ်းချစ်တာသေချာနေပြီ..
ရှောင်ကျန့်နဲ့စတွေ့တဲ့အချိန်လေးတွေကိုပြန်တွေးနေမိတယ်...
သူကျောင်းစတတ်တဲ့နေ့မှာပဲ ရောက်ကတည်းကတောက်ပနေတဲ့မျက်ဝန်းတစ်စုံစောင့်ကြည့်တာခံစားနေရလို့ သတိထားပြီးကြည့်လိုက်တော့ယုန်ဖြူလေးနဲ့တူတယ့်ကောင်လေး...သူ့ကိုပွေ့ထားတုန်းရင်ဘက်ကိုလာရိုက်နေတယ့် သူ့ရဲ့ဝင်လေထွက်လေးကနေစပြီး ရင်ခုန်ခဲ့တာဒီကလေးလေးကသူ့ကိုသိသိသာသာ ကပ်နေတယ်လို့လဲခံစားရတယ်...ရာယ်ရတယ်အသက်၃၀ပြည့်တော့မယ် တစ်ခါမှရင်မခုန်ဖူးဘူး ...ဒါလေးက ကလေးလေးလေဆိုတဲ့ အသိကိုခေါင်းထဲမှာခဏခဏရိုက်သွင်းခဲ့ရတယ်..သူ့အဖေလာမပြောခင်အချိန်ထိပေါ့..
---
ရိပေါ်ကျောင်းကိုရောက်တော့ရှောင်ကျန့်ကခွင့်ရက်ရှည်ယူထားတယ်တဲ့...

*ဘုရားရေ ဦးလေးရှောင်ဟိုညကကိစ္စကိုသိသွားတာများလား ငါ့ကိုအပြစ်ပေးတာလား*

ရိပေါ်ရုံးခန်းထဲမှာ ထိုင်နေတာစိတ်နဲ့လူနဲ့မကပ် ထိုအချိန်မှာပဲ အခန်းထဲရောက်လာတဲ့ကလေးတစ်ယောက်ကြောင့်ခေါင်းမော့ကြည့်လိုက်ရာ..

"ဆရာကြီး ကျွန်တော်ရှောင်ကျန့်သူငယ်ချင်း"
"ဘာကိစ္စရှိလို့လဲ"

အရမ်းစိတ်တိုနေတဲ့ယမ်ယမ်က သူငယ်ချင်းအတွက်ပေါက်ကွဲပစ်မယ်လုပ်ထားသော်လည်း အလွန်အေးစက်တဲ့ကျောင်းအုပ်ကြီးအသံကြောင့် ကြောက်လန့်ပြီးငိုတော့သည်။

"အီး ...ဟီးး...ဝူး ဝါး"
"ဟေ့ ဟေ့ တိတ် ဘာဖြစ်လာတာလဲ ဆရာ့ကိုပြော"
"ဆရာ ဆရာမကောင်းဘူး အိမ်ထောင်ရှိရက်နဲ့ ကျွန်တော့်သူငယ်ချင်းနုနုထွဋ်ထွဋ်လေးကို..အီး..."
"မင်း! မင်းဘာတွေလာပြောနေတာလဲ မင်းကိုဘယ်သူပြောတာလဲ ငိုမနေနဲ့"
"ဆရာက ဆရာရဲ့ကလေးတွေနဲ့ရေခဲမုန့်ဆိုင်မှာမနေ့က ကျန့်ကျန့်နဲ့ကျွန်‌ေတာ်တွေ့တယ်"
"အရူးလေးတွေ သွားတော့ ငါ့ကိုမလေးမစားလာပြောရဲတယ်ဟုတ်လား..."

Headmaster(Complete)Where stories live. Discover now