Part-9

1.7K 122 0
                                    

Unicode

*Headmaster*Part-9
------
"ဟိတ် ပိစိလေးနှစ်ယောက်"
ယမ်ယမ်နဲ့ရှောင်ကျန့် လှည့်ကြည့်လိုက်တော့လူကောင်သိပ်မကြီးပဲ သူတို့ကိုပိစိလို့အပြောခံရတဲ့အတွက်ရှောင်ကျန့်ဒေါသထွက်ကာ ...
"မင်းဘယ်ကကောင်လဲ"
"ယမ်ယမ် ပြောပြလိုက်လေ မင်းသူငယ်ချင်းကို မင်းချစ်သူနဲ့မိတ်ဆက်ပေးလိုက်"
"သေလိုက်ပါလား မင်းလိုကောင်ကို"
"ကိုယ့်ကိုနည်းနည်းလောက်အခွင့်ရေးပေးကြည့်ပါလား မင်းချစ်လာမှာပါ"
"လွှတ် လွှတ်စမ်း တော်တော်ရိုင်းပါလား"
ရှောင်ထိုမြင်ကွင်းကိုကြည့်ပြီးဒေါသတွေထွက်လာကာ ယမ်ယမ်ကိုအတင်းဆွဲနေတဲ့ကောင်လေးကို ဆင့်ပြီးထိုးပစ်လိုက်တယ်..ဟိုဖက်ကလူကသုံးယောက်ဆိုပေမယ့် ကိုယ်ခံပညာတတ်ထားတဲ့ရှောင်ကျန့်က အသာအယာအနိုင်ယူလိုက်နိုင်တယ်...
"ရှောင်ကျန့်"
ကျောင်းအုပ်ကြီးရဲ့အော်သံက ရုံးခန်းတစ်ခုလုံးဖုံးအုပ်သွားတယ် ဟိုဖက်ကအထိုးခံရတဲ့ကလေး ၃ယောက်လုံးက မျက်နှာတစ်ခုလုံးရစရာမရှိအောင်ဖူးရောင်နေသည်မို့ ရှောင်ကျန့်ကိုအပြစ်ပေးမှရတော့မယ် ဒါကြောင့်ပဲတင်ပါးကို သစ်သားတုတ်နဲ့ နာနာလေး ၃ချက်ရိုက်ပြီး ဝရန်တာမှာဒူးထောက်ခိုင်းထားလိုက်တယ်...ကျောင်းစဖွင့်ကတည်းက ဘယ်ကျောင်းသားကိုမှ ရိုက်ခြင်းမရှိတာကြောင့် ကျောင်းသားတွေလဲ အတော်ထိပ်လန့်သွားကြတယ်....ယမ်ယမ်ကတော့အပြစ်ပေးခံရတဲ့အထဲမှာမပါခြေ...ဒါပေမယ့်ကျောင်းအုပ်ကို ဂြိုလ်ကြည့်ကြည့်တာကြောင့် သူ့ကိုပါရှောင်ကျန့်နဲ့အတူဒူးထောက်ခိုင်းလိုက်တယ်....

ရှောင်ကျန့်နာကျင်တာထက်ဝမ်းနည်းတယ် ကိုယ့်ချစ်သူဘက်ကိုမပါတာထားဦးလက်ခံပေးလို့ရတယ် ဒါပေမယ့် တခြားလူတွေထက်ပိုပြီးအပြစ်ပေးဖို့လိုလို့လား နောက်မလုပ်ရဲအောင်လာလုပ်နေတယ်ဆိုရင်တော့မှားသွားမယ် ဒီထက်ပိုပြီးသောင်းကျန်းမှာမို့လို့စောင့်ကြည့်နေပါ...
ရှောင်ကျန့်ဒူးထောက်နေပေမယ့် မျက်ရည်တစ်စက်မှမကျပဲ ဒေါသတွေကြောင့်မျက်နှာတစ်ခုလုံးနီလာတာကြောင့် ဘေးကယမ်ယမ်က..
"ကျန့်ကျန့် စိတ်လျှော့ပါ တစ်ခုခုဖြစ်လိမ့်မယ် ကျန့်ကျန့် အရမ်းဒေါသတွေမကြီးပါနဲ့"
"မစိုးရိမ်နဲ့ယမ်ယမ် ငါ့ကိုအဲ့လောက်တောင်ရိုက်ချင်နေတဲ့လူ သူ့ဆန္ဒတွေဖြည့်ဆည်းပေးရမှာပေါ့"
---
"မင်းတို့သွားလို့ရပြီ"
ရိပေါ်ရဲ့အသံအဆုံးမှာရှောင်ကျန့်ဆက်ကနဲ့ထလိုက်ရာ ဒူးထောက်ထားတာကြာနေပြီမို့လို့ရုတ်တရက်ယိုင်သွားတော့ ရိပေါ်ရဲ့လက်ကအလိုလိုအရှေ့ကိုရောက်သွားပေမယ့် ယမ်ယမ်ကချက်ချင်းထိန်းလိုက်သည်..

Headmaster(Complete)Where stories live. Discover now