Part-10

1.8K 119 1
                                    

Unicode

*Headmaster*Part_10
____________

ပါး"
"ဘယ်လိုဖြစ်တာလဲ မျက်နှာက ..ပင်လယ်စာတွေစားမိပြန်ပြီလား"

မျက်နှာကြည့်ရုံနဲ့ ဘာဆိုတာတန်းသိတဲ့ပါးက သူ့ကိုဘယ်လောက်ဂရုစိုက်လဲ‌သိသာပါတယ်

"ပါးသားကျောင်းမှာ ကျောင်းသား၃ယောက်ကိုထိုးတာနဲနဲများသွားတယ်"
"သားကိုလာမစရင် သူတို့ဒီလိုဖြစ်မှာမဟုတ်ဘူးလေ"
"ပါးမဆူဘူးလား"
"ကျောင်းမှာလဲ သားအဆူခံပြီးလောက်ပြီပေါ့"
"ပါပါး သားမှာပါပါး‌လဲရှိတယ် ပိုက်ဆံလဲချမ်းသာတယ် သားလက်မထပ်ရင်လဲရတာပဲမဟုတ်လား"
"ပါးမရှိရင် သားအဖေါ်မရှိမှာစိုးလို့လက်ထပ်ခိုင်းတာ သားလက်မထပ်ချင်လဲရတယ်"
"ပါပါးကအကောင်းဆုံးပဲ သူစိမ်းဆိုတာမျိုးကအချိန်တိုင်းစိတ်ရှည်နေမှာမဟုတ်ဘူး"

ရှောင်ကျန့် သူ့ပါပါးကိုဖက်ကာပြောလိုက်တော့..

"ရိပေါ်နဲ့ ရန်ဖြစ်လာတာလား"
"ရန်ဖြစ်စရာလား...သူကဆရာ ပြီးတော့အကြီး သူလုပ်သမျှပဲခံရမှာ သားကပြန်ပြောလို့ရလို့လား"
"သူကကောင်းပါတယ် သားရာယ်"
"......."
-----
ယမ်ယမ်နဲ့ရှောင်ကျန့် ကျောင်းဝန်းထဲဝင်လာတာကို အပေါ်ထပ်ကနေပြီးရိပေါ်မြင်ရတယ်...

ရှောင်ကျန့်ခြေထောက်ရှေ့ကိုဘောလုံးတစ်လုံးရောက်လာတော့..

"ဟေ့ ဒီကိုပစ်လိုက်"

ပုံမှန်ဆိုစိတ်တိုစရာကိစ္စမဟုတ်ပေမယ့် အခုစိတ်အခြေနေကပုံမှန်မဟုတ်တဲ့အတွက် ဘောလုံးကိုအားနဲ့ တခြားနေရာကိုကန်ထည့်လိုက်တယ်....

"ဟေ့မင်းဘယ်လိုလုပ်လုပ်လိုက်တာလဲ"
"မကျေနပ်ဖူးလား ဘာလုပ်ချင်လဲ"
"ကျန့်ကျန့် တော်ပါတော့ ပြသနာထပ်မဖြစ်နဲ့တော့ မင်းထပ်အရိုက်ခံရဦးမယ်"
"ငါ့ကိုသေအောင်လုပ်လဲ ဂရုမစိုက်ဘူး ဘာလဲ မင်းက‌ေကာဘာ‌ေကာင်လဲ ငါ့ကိုစိုက်ကြည့်နေတာထိုးချင်လို့လား"

ခေါင်းဆောင်ဖြစ်ဟန်တူသည့်ကောင်လေးက ရှောင်ကျန့်ဆီပြေးလာတော့ အနောက်ကသူငယ်ချင်းတွေကဆွဲထားကြသည် ရှောင်ကျန့်ကိုလည်းယမ်ယမ်ကခါးကနေဖက်ပြီးဆွဲထားတယ်..
ထိုအချိန်မှာကျောင်းအုပ်ကြီးရောက်လာသဖြင့် ကျန်တဲ့ကလေးတွေအကုန်ငြိမ်သွားကြပေမယ့်ရှောင်ကျန့်က ယမ်ယမ်ရဲ့လက်ထဲမှာကော့ထိုးနေတယ်...

Headmaster(Complete)Where stories live. Discover now