Part-2

2K 160 0
                                    

Unicode

Zawgyi
"ရှောင်ကျန့် ဒီနေ့ဘာအစီစဉ်ရှိလဲ"
"ဘာရှိရမှာ မင်းတို့မမြင်ဘူးလား သူ့မျက်နှာကြီး အရမ်းသွေးအေးတာပဲ"
"ဒါဆိုလဲအဝေးကနေပဲ ငမ်းကြတာပေါ့"
"မင်းကပါဘာလို့ငမ်းမှာလဲ"
"ဒီလောက်ချောတာကို ငမ်းရမှာပေါ့ ဟိဟိဟိုမာ လာနေပြီ လာနေပြီ ဒီကနေပဲထိုင်ကြည့်ရအောင်"
"အွန်း"

တစ်လှမ်းချင်းလျှောက်လာတဲ့ ရိပေါ်ကို‌ရှောင်ကျန့်က မေးထောက်ပြီးငမ်းနေတယ်..ရိပေါ်လှည့်သာမကြည့်တာ မျက်လုံးထောင့်ဘက်ကနေ‌ရှောင်ကျန့်ကို မြင်‌နေရတယ် ကျောင်းဝန်းထဲရောက်တာနဲ့ ဒီကောင်လေးကိုပဲသတိထားမိနေပုံ....
ရိပေါ်‌ကျောင်းထဲဝင်သွားတော့ ကျောင်းရဲ့လူရမ်းကားဝမ်ချောင်တို့အုပ်စုရောက်လာသည်...

"ကျန့်"
"အမလေး"
"ဘာတွေငေးနေလို့ ဒီလောက်လန့်သွားတာလဲ ကိုယ့်ကိုအဖြေမပေးသေးဘူးလား"
"မင်းကိုငါက ဘာလို့ပေးရမှာလဲ စောက်ရူးကောင်"
"ကိုယ်ချစ်တယ်လို့ ပြောထားတယ်လေ"

ရှောင်ကျန့်ရဲ့လက်ကလေးကိုဖမ်းဆုပ်ကာပြောသည်...

"အာ...ငါ့စိတ်ကိုလာစွနေပြန်ပြီ"
"သေးသေးလေးကလဲစိတ်လျှော့ပါ"

ဘေးက ယမ်ယမ်က‌ရှောုကျန့်ကိုတိုးတိုးလေးကပ်ကာ...

"မင်းဒီတစ်ခါဆို မိဘခေါ်ရမှာနော်"
"ငါဂရုမစိုက်ဘူး"

ရှောင်ကျန့်ဘေးနားက သောက်လက်စနို့ပုလင်းနဲ့ဝမ်ချောင်ခေါင်းကိုထုချလိုက်တယ်.
.
"ခွပ်...အားရှောင်ကျန့်မင်း...မင်း"
"လာလေ ငါ့ကိုလူကောင်သေးတယ်ဆိုပြီးအထင်လာသေးတာလား ငါ့အဖေကငါ့ကိုသိုင်းပေါင်းစုံသင်‌ပေးထားတယ်"
-----
ဒီလိုနဲ့ရုံးခန်းရောက်ပြန်တယ် ဒီတစ်ခါတော့ လုပ်ကြံတာမဟုတ်ဘဲ တစ်ကယ်ရောက်သွားတာမို့ ရှောင်ကျန့် ရိပေါ်ကိုမငမ်းနိုင်...
ရုံးခန်းထဲမှာကျောင်းအုပ်ကြီး အသံကကျောချမ်းစဖွယ်ထွက်ပေါ်လာသည်....
.
"ရှောင်ကျန့် အခုချက်ချင်း မိဘကိုလှမ်းခေါ်"
"ဆ ဆရာကြီး ကျွန်တော်နောက်မလုပ်တော့ပါဘူး"
"ဟိုတစ်ခါတည်းကငါပြောထားတယ်မဟုတ်လား ဆက်ခုဆက်ငါစကားတွေရှည်ရှည်ဝေးဝေးမပြောဘူး"
"ဟုတ် ဟုတ်"
.တီတီတီ
ဖုန်းဝင်တဲ့အသံကြီးကိုကရှောင်ကျန့်ကျောတွေကိုစိမ့်ကနဲစိမ့်ကနဲ

Headmaster(Complete)Where stories live. Discover now