Part-5⚠️⚠️

2.5K 136 2
                                    

Unicode

Warning ဟေ့ warning သန့်သန့်ကလေးတွေကျော်ဖက်ပေး 🌚🌚🌚
----------
"သား‌ေလးကျောင်းသွားရင်ထမင်းချိုင့်ထည့်ပေးလိုက် အဟာရရှိတာလေးတွေသေချာလုပ်ပေးလိုက်‌"
"ဟုတ်ကဲ့ပါသူဌေး"
ရှောင်ပါးအလုပ်မသွားခင် ထမင်းချက်တွေကိုလိုအပ်တာတွေမှာနေသည်..
-------
"ဟေ့ ယမ်ယမ်တစ်ယောက်ထဲလား ရှောင်ကျန့် မလာဘူးလား"
"ငါကိုမလိုတော့ဘူး သူကျောင်းအုပ်ရုံးခန်းမှာထမင်းသွားစားမလို့တဲ့ ထမင်းဘူးပါထည့်လာတယ်"
"အဆင်ပြေသွားပြီလား"
"မသိပါဘူး သူကသာစပ်စလူးခါနေတာ ဟိုကပုံမှန်ပါပဲ"
"....."
----
ရှောင်ကျန့်အတွေးထဲမှာတော့ ဆရာနဲ့ထမင်းအတူစားဖို့ တစ်မနက်လံုးရင်ခုန်စိတ်လှုပ်ရှားနေပေမယ့် တစ်ကယ်လက်တွေက တိတ်ဆိတ်နေတဲ့ရုံးခန်းထဲမှာ ဆရာကဘာမှမ‌ေပြာဘဲ ပြီးရုပ်တည်ကြီးနဲ့ ထမင်းကိုသာငုံ့စားနေတာ သူဘယ်လိုမြူစွယ်ရမာလဲ...
*ငါသဘောကျနေတာကိုလဲ သူ‌သိနေပြီပဲ အရှက်ရှိနေလဲဘာမှမထူးဘူး*
ရှောင်ကျန့်ရုတ်တရက် ထလာပြီးရိပေါ်ရဲ့ပါးကိုလှမ်းပြီးနမ်းလိုက်တယ်..ရိပေါ်ကစားနေရာမှရပ်သွားပြီးသူ့ကိုမျက်လုံးလှန်ကြည့်တော့ ယုန်သွားလေးတွေပေါ်တဲ့အထိ ပြုံးပြလိုက်တယ်...ဒါကိုရိပေါ်က ခပ်တည်တည်ဘဲ ထမင်းကိုသာပြန်ငုံ့စားနေတော့ ရှောင်ကျန့်ရှက်သွား‌ေလတယ်...

"ကျွန်တော် ဝပြီ"
"အင်း.....ကော်ဖီသောက်ချင်သေးလား"
*ဘယ်လိုမျက်နှာမျိုးနဲ့ ဒီအခန်းထဲမှာဆက်နေရမှာလဲ*
"မသောက်တော့ဘူး"

ထမင်းဘူးလေးဆွဲကာ သုတ်သုတ်လေးထွက်သွားတော့မှ ရိပေါ်သက်ပြင်းချနိုင်တော့တယ်...
*ဟူး.....အဆင်ပြေမနေဘူး..*
-----
"ရှောင်ကျန့် မင်းငါ့ကိုပစ်ပြီးဘဲကြီးနဲ့ချိန်းတွေ့ရတာပျော်ရဲ့လား"
"အားးးးကျစ်ရှက်ဖို့ကောင်းလိုက်တာ ငါဘာလို့လုပ်မိလိုက်တာလဲ ဒုန်း ဒုန်း"

ခုံကိုနှဖူးနဲ့ဆောင့်နေတဲ့ ရှောင်ကျန့်ကြောင့် ယမ်ယမ် တားလိုက်ပြီး..

"ငါ့ကိုပြောပါဦး ဘာဖြစ်ခဲ့တာလဲ "
"ငါသူ့ကိုသွားနမ်းလိုက်တယ်"
"သေလိုက် အရှက်မရှိတဲ့ကောင်"
"မင်းကလဲ စိတ်သက်သာရာရအောင်ပြောမယ်မရှိဘူး".
"မင်းအစားရှက်လိုက်တာ"
"ယမ် ယမ်"
-----
ညနေအချိန်ပိုကို ဘယ်လိုမျက်နှာနဲ့သွားရမှာလဲ..
"ရှောင်ကျန့် ဆရာ့ဆီကိုစက်ဘီးနဲ့သွားလိုက် ပါးသွားစရာရှိလို့"
"ဟုတ်ပါး"

Headmaster(Complete)Where stories live. Discover now