Part-3

1.9K 147 2
                                    

Unicode

ဆရာကသူစားစရာရှိတာကိုသာကုန်းပြီးစားနေတာ ကျွန်တော်တို့ကိုတောင်ဂရုမစိုက်နိုင်ပါဘူး စားပြီးတော့ အလုပ်ရှိတယ်ဆိုပြီးပြန်သွားတာကျွန်တော်တို့နှစ်ယောက်ပဲကျန်ခဲ့တယ်....
-----
*ဒီကလေးလေးက ငါ့ကိုဘာလို့အဲ့လောက်စိုက်ကြည့်နေတာလဲ ဆရာဝန်ပြောသလိုငါ့ကိုကြောက်တယ်ဆိုတာတော့မဖြစ်နိုင်ဘူး ပြသနာမရှာခင်မြန်မြန်ပြန်တာကောင်းမယ်*
_____
ရှောင်ကျန့်နဲ့ယမ်ယမ် စက်ဘီးလေးတွန်းပြီး စကားပြောရင်းအိမ်ကိုလမ်းလျှောက်လာတယ်...
"ရှောင်ကျန့် ဆရာကကျောင်းအုပ်မဖြစ်ခင်အရင်က သခ်ျာဆရာတဲ့..ကြေးလဲကြီးတယ်ပြောတယ် အခုတောင် သင်နေသေးတယ်ကြားတယ်"
"မင်းဘယ်လိုသိတာလဲ"
"မင်းကတိုက်ခိုက်တာတော်သလို ငါကစုံစမ်းတာတော်တယ်လေ"
"တော်တယ် ယမ်ယမ်မင်းကအကောင်းဆုံးပဲ"
-----
"ပါပါး ပြန်လာပြီလား"
"အိမ်ထဲဝင်လာပြီဆိုမှတော့ပြန်လာတာပေါ့ ဘာတွေအရေးကြီးခွင်ကျယ်လုပ်နေတာလဲ"
"ပါပါး ကျွန်တော့်ကိုသခ်ျာအချိန်ပိုခေါ်ပေးပါလား"
"စာမလိုက်နိုင်လို့လား"
"ကျွန်တော် အထူးလေ့လာဖို့ဆုံးဖြတ်ထားတယ်"
"ဒါဆိုပါးမိတ်ဆွေ တစ်ယောက်က....."
"သားတို့ဆရာနဲ့သင်မှာ "
"ဘယ်သူလဲ"
"ကျောင်းအုပ်ကြီးလေ"
"သူလား သူဆိုရင်အိမ်ကိုခေါ်လို့မရလောက်ဘူး သားကသူ့ဆီသွားမှရမယ် သူ့အိမ်ကသိပ်တော့မဝေးပါဘူး ၂လမ်းကျော်တင်"
"ပါး....ပါးဘယ်လိုသိတာလဲ ပါးကတကယ်တော်တာပဲ"
"အရင်ကျောင်းအုပ်နဲ့ ပါးကသူငယ်ချင်းလေ"
"အော် ဟုတ်သားပဲ "
*ငါ့ပါးပါး ကငါ့ရဲ့မီးပြတိုက်ကြီး ဟီးဟီး"
-----
ရိပေါ်မနက်ကျောင်းသွားရန်ပြင်ဆင်ပြီး ကိုယ်တိုင်လုပ်ထားတဲ့မနက်စာကော်ဖီနဲ့ပေါင်မုန့်ကိုစားနေရင်း...ထူးဆန်းတဲ့ ဧည့်သည်တစ်ယောက်ရောက်လာတယ်
"ဦးလေးရှောင်"
"ဦးလေးပြောစရာရှိလို့ တိုတိုပဲပြောရအောင် ကျန့်ကျန့်က သားကိုသဘောကျနေတယ်"
"!...."
"အခုသားနဲ့စာသင်ချင်တယ်ပြောတယ်"
"ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲမသိဘူး"
"ဦးလေးပွင့်ပွင့်လင်းလင်းပဲပြောမယ် သားသူ့ကိုပြန်ပြီးမေတ္တာပေးနိုင်မလား မပေးနိုင်ဘူးဆို အခုကတည်းက နိုင်ငံခြားပို့လိုက်မယ် မဟုတ်ရင် သားအပေါ်ဒီထက်သံယောာဇဉ်ကြီးသွားရင် သားအတွက်ခက်ခဲမှာစိုးလို့"
"အခု ကျွန်တော်သေချာမသိသေးတဲ့သူတစ်ယောက်ကိုဘဝလက်တွဲဖေါ်ဖြစ်စေချင်တာလား"
"ဒါ သားရဲ့သဘောပါ အတင်းမလုပ်ခိုင်းပါဘူး "
*ငါအခုဘာကိုအကျပ်ကိုင်ခံနေရသလိုခံစားနေရတာလဲ*
"သူ့အသက်ကအခုမှ ၁၆ပဲရှိသေးတာ နောက်ပိုင်းမပြောင်းသွားနိုင်ဘူးလား"
"သု့စိတ်ကိုတော့ဦးလေးတာဝန်ယူပါတယ်"
*ငါဘာလို့တွေဝေနေရတာလဲ ငါ့ကိုပိုင်စိုးပိုင်နက်နဲ့ လာပြောနေတာမဟုတ်ဘူးလား သူ့သားကိုငါနဲ့ ယူစေချင်တာလား အံ့ဩဖို့ကောင်းလိုက်တာ*
--------
စာကြည့်တိုက်တွင်ရှောင်ကျန့်တစ်ယောက်စာအုပ်တွေကိုမနိုင်မနင်းသယ်ကာ

Headmaster(Complete)Where stories live. Discover now