•Boundary•

1.4K 67 10
                                    

(Unicode)

Tags- ZSWW, Drama

The whole story is about incest love.
Incest- having feelings on family members or close relatives

‘မှားယွင်းတဲ့အချစ်ဆိုတာဘာလဲ’
အဲ့ဒီမေးခွန်းကို လူတွေက မတူညီတဲ့ အဖြေတွေနဲ့ ဖြေကြတယ်။ အဖြေတွေထဲမှာမှ အများဆုံးတွေ့ရတာတော့ လိင်တူချစ်ကြိုက်ခြင်းနဲ့ သွေးသားတော်စပ်သူကို ချစ်ကြိုက်ခြင်းပါတဲ့။ ဆိုတဲ့တိုင်အောင် ကမ္ဘာပေါ်မှာတော့ အဲ့ဒီမှားယွင်းတဲ့အချစ်မှာ ပျော်မွေ့ကြတဲ့ လူတွေ မရေမတွက်နိုင်အောင်ပဲ။ ဥပမာပေးရရင်တော့ သူဆိုတဲ့ ရှောင်းကျန့်ပေါ့။

"ကျန့်ကော?"

"ဟင်? အင်း"

‘ကျန့်ကော’ ဆိုတဲ့ နာမ်စားက ဩရှရှအသံလေးကြောင့်ပဲလား မသိ၊ ပိုပြီးနားထောင်လို့ ကောင်းနေတယ်။ လူကောင်သေးပေမယ့် အသံတော့ ဩရှရှနိုင်တဲ့ ဒီကောင်လေးက သူ့ရဲ့မြတ်နိုးဖွယ်လေး။ တနည်းပြောရရင် ဝမ်ရိပေါ်လေးက သူ့ရဲ့ ညီဝမ်းကွဲလေးပေါ့။

"ဘာတွေအဲ့လောက် အတွေးလွန်နေတာလဲ။ ကျွန်တော်ပြောတာတောင် အာရုံရောက်လိုက်ရဲ့လား"

"ရောက်ပါတယ်ဗျာ။ Group project အကြောင်းမလား။ ဆက်ပြော"

Science group project အကြောင်း ပြောပြနေတဲ့ သူ့ညီလေးက တကယ်ကို သဘောကျချင်စရာလေး။ မျက်လုံးမှေးမှေးလေးတွေရယ်၊ နှာခေါင်းလုံးလုံးရယ်၊ ပါးဖောင်းဖောင်းလေးတွေရယ်နဲ့ ဘယ်လိုကြည့်ကြည့် မျက်လုံးလွှဲချင်စရာကို မကောင်းဘူး။

ဒီကောင်လေးကို စသဘောကျတဲ့အချိန်ကို ပြောပြရရင်တော့ လွန်ခဲ့တဲ့ငါးနှစ်က ဖြစ်မယ်။ မိုးရွာထဲ စကိတ်စီးရင်း ခြေချော်ကျတဲ့ ကြွက်စုတ်လေးက နှလုံးသားထဲ တည့်တည့်မတ်မတ်ဝင်လာပြီး နေရာအပြည့် ယူထားလိုက်တာများ ဘယ်သူ့ကိုမှ ထပ်ထည့်လို့ မရတဲ့အထိပဲလေ။

"အဲ့တာပိတ်ရက်ကျ group ထဲ ပါတဲ့သူတွေက အိမ်ကိုလာမယ်တဲ့။ Research တူတူလုပ်ဖို့"

"ဖိတ်လိုက်လေ ရိပေါ်လေးရဲ့။ ကောက ဘာမှမှမဖြစ်ပဲ"

ပါးလေးကို အသာဆွဲပြီး ပြောတော့ ကောင်လေးက ခေါင်းငြိမ့်ပြပြီး ဖုန်းထဲ စာတွေ တတောက်တောက်ရိုက်တယ်။ ကြည့်ရတာ အိမ်လာမယ့်ကလေးတွေကို လှမ်းပြောနေတာ ထင်ပါရဲ့။

Melodies Followed By RhythmsWhere stories live. Discover now