(Unicode)
Warning - This story may be kinda boring to some of u guys! Dialogue အရမ်းနည်းတဲ့ one shot အတိုလေးပါ။ And if u hate ANY KIND OF CHARACTER DEATH, then it's the best for u not to read it
Tags- ZSWW, Drama
အကျင့်ပါနေတဲ့မျက်လုံးတေွကြောင့် ဝမ်ရိပေါ်တစ်ယောက် ၆ နာရီအတိမှာ အိပ်ရာကနိုးလာခဲ့တယ်။ မျက်လုံးနှစ်လုံးပွင့်ပြီဆိုတာနဲ့ မနက်စာဘာပြင်ရမလဲဆိုတာကို တွေးလိုက်ပါတယ်။ ကိုကိုကြိုက်တဲ့ ပန်ကိတ်လေးတွေပဲ လုပ်လိုက်ရင်ကောင်းမလား၊ ပေါင်မုန့်ထောပတ်သုတ်ပဲ လုပ်လိုက်ရင်ကောင်းမလားဆိုတာ တကယ်ကို ရွေးချယ်ရခက်လွန်းပါတယ်။
*မွ*
သူ့ဘေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကိုကို့ရဲ့ နဖူးပေါ်ကို အနမ်းတစ်ပွင့်ခြွေရင်း သူ့မှာပြုံးမိတယ်။ အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီးတဲ့အခါမှာတော့ ကိုကိုက သူ့အပိုင်၊ သူကကိုကို့အပိုင်ဖြစ်ခဲ့ပြီ။ အတိတ်တွေက ခက်ခဲခဲ့ပေမယ့် ရိပေါ်ကျေနပ်ပါတယ်လေ။
မျက်နှာသစ် သွားတိုက်ပြီး မနက်စာပြင်ဖို့ မီးဖိုချောင်ထဲကို ဦးတည်လိုက်တယ်။ နောက်ဆုံးတော့လည်း မလုပ်တာကြာပြီဖြစ်တဲ့ ထမင်းကြော်ပဲ ပြင်ဆင်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပန်ကိတ်တွေ၊ ပေါင်မုန့်ထောပတ်သုတ်တွေနဲ့ ထမင်းကြော်က ဘာမှမဆိုင်ပေမယ့်လည်း ဘယ်လိုလုပ် စဉ်းစားမိသွားမှန်းတော့ သူလည်းမသိပါဘူးလေ။
*ရှဲ ရှဲ*
ဆီပူပူပေါ် ကြက်သားတုံးလေးတွေကြော်တဲ့အသံက မီးဖိုချောင်ထဲမှာ ကြီးစိုးနေတယ်။ မကြာခင်မှာပဲ ကိုကိုက သူ့ခါးကို လာဖက်ပါတယ်။ ပြီးတော့ သူ့ပါးကို လာနမ်းတယ်။ ဒါဟာ သူတို့နှစ်ယောက်အတွက် ပုံမှန်မနက်ခင်းပါပဲ။
နောက်တော့ စားပွဲဝိုင်းမှာ ထိုင်ရင်း ထမင်းကြော်ကို တူတူစားကြတယ်။ အစားနည်းတဲ့ ကိုကိုက သုံးလေးလုပ်လောက်စားပြီး သူ့ကိုပဲထိုင်ကြည့်နေပါတယ်။ အရင်ကသာဆို ကိုကိုမစားတာ သူ့လက်ရာမကောင်းလို့များလားဆိုပြီး အတွေးဝင်မှာဖြစ်ပေမယ့် ကိုကိုအစားနည်းမှန်း သိသွားတဲ့နောက်ပိုင်းမှာတော့ သူအဲ့လိုမျိုးတွေ မတွေးတော့ဘူး။