•8/1/2021•

320 27 1
                                    

(Unicode)

Genre- ZSWW, Drama, Supernatural

*Tik Tock Tik Tock*

နံရံပေါ်က နာရီရဲ့ စက္ကန့်လက်တံက စည်းချက်ညီညီနဲ့ ရွေ့လျားနေတယ်။ ပတ်ဝန်းကျင်က အသံတွေက တိတ်ဆိတ်လွန်းလို့ စက္ကန့်လက်တံရဲ့ ရွေ့လျားသံက သိပ်ကိုကျယ်လောင်လွန်းနေတယ်။

*တီ တီ တီ တီ*

ရုတ်တရက် ဖုန်းကထွက်ပေါ်လာတဲ့ alarm သံက စက္ကန့်လက်တံရဲ့ အသံကို ရုတ်ချည်း လွှမ်းမိုးသွားတယ်။ တစ်ချိန်ထဲမှာပဲ အမှောင်ထဲကလက်တစ်ဖက်က ဖုန်းကို ဆွဲယူလိုက်ပါတယ်။

"ထပ်ပြီး ၄ နာရီ ၉ မိနစ်နဲ့ ၅ စက္ကန့်"

ဘယ်သူမှ alarm မပေးထားပါဘဲနဲ့ အဲ့ဒီဖုန်းက မနက် ၄ နာရီ ၉ မိနစ်နဲ့ ၅ စက္ကန့်တိုင်း alarm မြည်တတ်တယ်။ alarm သံပေါ်ပြီး ၅ မိနစ်နဲ့ ၂၅ စက္ကန့်တိတိကျရင် သူက ၂၀၂၂ ခုနှစ်၊ ၁ လပိုင်း ၈ ရက်ကို ပြန်ရောက်သွားတယ်။ အဓိပ္ပာယ်မရှိဘူးလို့ ထင်ကြတယ်မလား။ သူလည်း အစက အဲ့လိုထင်ခဲ့ပါရဲ့။

"၅၈ ၅၉ ၆၀"

လေပေါ်မြောက်တတ်သွားတဲ့ ခံစားချက်နဲ့အတူ ရှောင်းကျန့်တစ်ယောက် အိပ်ရာက နိုးထလာတယ်။ အိပ်ရာဘေးက ဖုန်းကို ဖွင့်ကြည့်လိုက်တဲ့အခါ မြင်နေကျ ရက်စွဲဖြစ်တဲ့ 2022/1/8 ဆိုတာ‌ကိုပဲ မြင်ရတယ်။ သက်ပြင်းမောကြီးချရင်း ဖန်တစ်ရာထေနေတဲ့ ဒီတစ်နေ့တာကို ပြန်ဖြတ်သန်းဖို့ အားမွေးမိပါတော့တယ်။

ဒီနေ့နဲ့ဆို ၂၁ ရက်မြောက်ပြီ။ သူ ဒီ time zone မှာ stuck ဖြစ်နေခဲ့တာ ၂၁ ရက်တိတိရှိပြီ။ တစ်နည်းပြောရရင်တော့ သူလုံးဝ ပြန်မရောက်ချင်တဲ့နေ့ကိုပဲ ပြန်ရောက်နေတာ ၂၁ ရက်ရှိနေပါပြီ။

*ဒေါက် ဒေါက်*

"သားလေးရေ၊ ထတော့နော်။ ကျောင်းသွားရမယ်"

"ဟုတ်"

အလွတ်ရနေပြီဖြစ်တဲ့ စကားတွေ၊ မြင်‌ရတာရိုးနေပြီဖြစ်တဲ့ မြင်ကွင်းတွေ၊ အားလုံးက ငြီးငွေ့ပြီး စိတ်ကုန်စရာ သိပ်ကောင်းတယ်။ အဲ့ဒါအပြင် မမြင်ချင်တဲ့၊ မှတ်ဉာဏ်ထဲက ဖျောက်ပစ်ချင်တဲ့ မြင်ကွင်းကိုလည်း မြင်နေရတာ အရမ်းပင်ပန်းနေပါပြီ။

Melodies Followed By RhythmsWhere stories live. Discover now