•Give and Take•

748 55 4
                                    

(Unicode)

Warning- contains bloody scene (just a little)
              contains mature scene

Tags-ZSWW, Romance, Age-gap, (Psychological?)

ဝမ်ရိပေါ်တစ်ယောက် သူ့ကိုယ်သူ k-drama ထဲက ဇာတ်လိုက်လိုတောင် ခံစားနေရတယ်။ ဘာလို့ဆို သူ့ဆီ အဆိုးဆုံးဆိုတဲ့အရာတွေပဲ ဆက်တိုက်လာနေလို့လေ။

ပထမဆုံးအနေနဲ့ သူအလုပ်ထုတ်ခံရတယ်။ ဒုတိယအနေနဲ့ သူ့ရဲ့ ချွေးနှဲစာလေးနဲ့ ဝယ်ထားတဲ့ ၈ ပေပတ်လည်အိမ်လေးက မီးထဲပါသွားတယ်။ တတိယအနေနဲ့ လူမိုက်တစ်စုရဲ့ ငွေညှစ်ပြီး ဝိုင်းရိုက်တာ ခံရတယ်။ စတုတ္ထအနေနဲ့ကတော့ သူနဲ့ တွဲလာတာ ၄ နှစ်ရှိပြီဖြစ်တဲ့ သူ့ရည်းစားက သူဌေးသမီးနဲ့ ဖောက်ပြန်သွားတယ်။

ကြည့်လေ၊ သူ့အဖြစ်က တကယ့်ကို k-drama ထဲက ဇာတ်လိုက်ဆန်နေတာပဲမလား။

*အွတ်*

နှာခေါင်းပေါ် အဝတ်စနဲ့ အုပ်ခံရတာကြောင့် သူအတင်း ရုန်းလိုက်ပေမယ့် နွံထဲနစ်နေသလိုပဲ ရုန်းလေ၊ အားယုတ်လေ ဖြစ်လာတာပဲ အဖတ်တင်ပါတယ်။ ဆယ်စက္ကန့်လောက် ကြာလာတော့ လူကနုံးပြီး မျက်လုံးတွေပါ စင်းလာတာကြောင့် သူ့စိတ်ထဲ ကျိန်ဆဲမိတယ်။

ကောင်းရောပဲ၊ ခု ပြန်ပေးဆွဲတာပါ ခံရပြီလား။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အချိန်ဘယ်လောက် ကြာသွားလဲတော့မသိ၊ သူပြန်နိုးလာတဲ့အခါမှာတော့ ထိုင်ခုံတစ်လုံးပေါ်မှာ ကြိုးချည်ခံထားရတယ်။ တကယ်ကို ပျော်စရာပဲ။ ဘယ်သူတောင်းစားကများ သူ့ကို နှိပ်စက်ဦးမလဲ ထပ်ပြီး။

"အယ်၊ နိုးပြီလား?"

အသံတစ်ခုက သူ့မျက်စောင်းထိုးကနေ ထွက်ပေါ်လာပါတယ်။ အသံအရတော့ ဒီလူက အသက်ကြီးကြီးမဟုတ်ဘူး။ မာဖီးယားတစ်ယောက်ရဲ့ အသံမျိုးလည်း မဟုတ်ဘူး။ ဒီတိုင်း သက်လတ်ပိုင်းအရွယ်တစ်ယောက်ရဲ့ အသံမျိုးပဲ။

"ဟယ်လို၊ ဝမ်လေး"

ပန်းကန်ပြားတစ်ခုကို ကိုင်ထားတဲ့ အမျိုးသားတစ်ယောက်က သူ့ဆီ တည့်တည့်မတ်မတ် လျှောက်လာခဲ့ပါတယ်။ Damn! ပြန်ပေးဆွဲသမားက ရုပ်ဖြောင့်သားဟ!

Melodies Followed By RhythmsWhere stories live. Discover now