•The Two Contracts I Signed (1)•

564 52 4
                                    

(Unicode)

Tags- Slow romance, Age gap

၁၂ နှစ်အရွယ် ဝမ်ရိပေါ်လေးဟာ သူကြားလိုက်ရတာကို မယုံကြည်နိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် သူဂေဟာမှူးရဲ့ မျက်နှာကို သေချာပြန်ကြည့်မိတယ်။ ကြည့်ရတာ လိမ်နေပုံလည်း မပေါက်ဘူး။

ဒါဆို သူမွေးစားခံရတော့မယ်ဆိုတာ တကယ်ပေါ့။

"လာ၊ ဟိုဘက်အခန်းမှာ သားကိုမွေးစားမယ့်ဦးဦးက စောင့်နေတယ်"

ဂေဟာမှူးရဲ့ အတွင်းရေးမှူးဖြစ်တဲ့ အန်တီမယ်ရီက သူ့ကို ဟိုဘက်အခန်းဆီ ခေါ်သွားတယ်။ သူ့မှာ ရင်တွေတုန်လွန်းလို့ သေတော့မလိုပါပဲ။ နောက်ဆုံးတော့ ဒီငရဲက လွတ်တော့မယ်ဆိုတဲ့အတွေးက သူ့ကို သိပ်ကို စိတ်လှုပ်ရှားစေတယ်။

"သား၊ နှုတ်ဆက်လိုက်ဦး။ သားကို မွေးစားမယ့်ဦးဦးကို"

"ဟု-ဟုတ်။ မင်္ဂလာပါဗျ။ ကျွန်တော့်နာမည် ဝမ်ရိပေါ်ပါ"

"‌မင်္ဂလာပါ ကလေးရယ်။ ဦးနာမည်က ပိုင်ဟွေ့ပါ"

ဦးလေးကြီးရဲ့ ချိုချိုသာသာရှိတဲ့ အသံကို ကြားမှပဲ ရိပေါ်မှာ စိတ်ချလက်ချ ခေါင်းမော့ကြည့်နိုင်တော့တယ်။ အသံကြီးက ကြောက်စရာကောင်းနေရင် နေရာကနေ သူထွက်ပြေးမိမှာလေ။

ဦးလေးပိုင်ဟွေ့က လူလတ်ပိုင်း ၃၀၊ ၄၀ အရွယ်လောက် ရှိမယ့်ပုံမျိုးပါ။ ဒါ့အပြင် မျက်နှာကလည်း ချိုသလို လူကြီးလူကောင်းပုံစံလည်း ပေါက်တယ်။ တော်ပါသေးရဲ့၊ သူ့ရဲ့ မွေးစားအဖေက လူကောင်းပုံစံမျိုး မို့လို့။

"အားတော့နာပေမယ့် ကလေးနဲ့ နှစ်ယောက်ထဲ စကားလေးပြောချင်လို့။ အဆင်ပြေမလားဗျ"

"ပြေတာပေါ့ရှင်။ ကျွန်မအပြင်မှာ ရှိနေမယ်နော်။ လိုတာရှိရင် ခေါ်လိုက်ပါ"

အန်တီမယ်ရီက ရိပေါ်ပခုံးကို နှစ်ချက်လောက်ပုတ်ပြီး ရုံးခန်းထဲက ထွက်သွားတယ်။ လေထုကြီးက ချက်ချင်း ကို့ရို့ကားယားနိုင်သွားသလိုပါပဲ။

"ရိပေါ်လေး။ လာ၊ ဦးရှေ့က ခုံမှာ ခဏထိုင်"

"ဟုတ်"

ရိပေါ်လည်း ဦးလေးပိုင်ဟွေ့ပြောတဲ့အတိုင်း ထိုင်လိုက်တယ်။

Melodies Followed By RhythmsWhere stories live. Discover now