•The Two Contracts I Signed (2)•

620 60 5
                                    

(Unicode)

ဒီနေ့ သခင်လေးဆီကို လေဒီတစ်ယောက် လာလည်တယ်။ ဦးလေးပိုင်ဟွေ့ပြောတာကတော့ သခင်လေးရဲ့ စီးပွားရေးပါတနာ လေဒီဂျူလီယာတဲ့လေ။ ပရိဘောဂလုပ်ငန်းအကြီးစားတစ်ခုရဲ့ ဆက်ခံသူတဲ့။

"လေဒီ ဂျူလီယာ။ ဒါ ဝမ်ရိပေါ်တဲ့။ ကိုယ့်လုပ်ငန်းကို အမွေဆက်ခံမယ့်ကလေး"

"တွေ့ရတာဝမ်းသာပါတယ်ရှင်။ ဂျူလီယာပါ"

"တွေ့ရတာဝမ်းသာပါတယ် လေဒီဂျူလီယာ"

ထိုင်နေတဲ့ လေဒီဆီသွားပြီး လက်တစ်ဖက်ကို ယူကာ အနမ်းပေးလိုက်ပါတယ်။ ပြီးမှ သခင်လေးရဲ့ နောက်မှ ပြန်မတ်တပ်ရပ်နေလိုက်တယ်။

"ဝမ်ရိပေါ်က ဘယ်နှနှစ်ရှိပြီလဲမသိဘူး"

"ကျွန်တော်က နောက်လ ၁၈ နှစ် ပြည့်မှာပါဗျ"

"အိုကွယ်၊ လူကြီးလေး ဖြစ်တော့မှာပဲ။ မစ္စတာရှောင်း၊ ဝမ်ရိပေါ်လေးကို သေချာစောင့်ရှောက်နော်။ ဒီခေတ် မိန်းမပျိုလေးတွေက ရဲတင်းပါဘိနဲ့"

"ဟုတ်ပါရဲ့ဗျာ။ မိန်းမပျိုလေးတွေတင်မကဘူး၊ သူတို့ရဲ့ ဖအေဖြစ်သူတွေဆို အခုထဲက ကျွန်တော့်ဆီ ကမ်းလှမ်းနေကြပြီ"

"ဟောတော်! ဝမ်ရိပေါ်လေး အသက်ပြည့်တာတောင် မစောင့်ကြတော့ဘူးပေါ့"

"ဟုတ်ပါရဲ့ လေဒီဂျူလီယာရယ်"

ရယ်မောပြီး စကားဝိုင်းဖွဲ့နေကြတဲ့ သခင်လေးနဲ့ လေဒီဂျူလီယာကို ကြည့်ရင်း ရိပေါ်မှာ အပိုလူကြီးလိုတောင် ခံစားလာရတယ်။ ဒါပေမယ့်လည်း ဒီလိုအချိန်တွေက သူ့အတွက် သခင်လေးကို ခိုးကြည့်ဖို့ အချိန်ကောင်းတွေမို့ သူ့မှာပေကပ်ပြီး ရပ်နေရတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ သခင်လေးရဲ့ ခန့်ညားမှုတွေက ရိပေါ်ကို အမြဲရင်ခုန်စေပါတယ်။ ကလေးဘဝက အားကျမှုတွေက ကြီးလာတဲ့အခါ အချစ်အဖြစ် ပြောင်းသွားတာ တကယ်ကို ပဟေဠိဆန်စွာပါပဲ။

"ဝမ်ရိပေါ်။ စာသွားကျက်ချေတော့"

"ဟုတ်ကဲ့ သခင်လေး"

"ခွင့်ပြုပါဦး၊ သခင်လေးနဲ့ လေဒီဂျူလီယာ"

နှစ်ယောက်လုံးကို ဦးညွှတ်နှုတ်ဆက်ရင်း ရိပေါ်သူ့အခန်းကို ပြန်လာလိုက်တယ်။ အခုဆို ၆ နှစ်တောင် ရှိပြီမို့လို့ သူဟာ သခင်လေးတစ်ယောက်ရဲ့ အပြုအမူတွေ၊ အနေအထိုင်တွေ၊ အပြောအဆိုတွေနဲ့ တော်တော့်ကို ရင်းနှီးနေပြီဖြစ်တယ်။ ဒါ့အပြင် ငယ်ငယ်တုန်းက အရမ်းညံ့ခဲ့တဲ့ ရေကူးခြင်းက အခုဆို သူ့ရဲ့ကျွမ်းကျင်မှု ဖြစ်နေပြီ။

Melodies Followed By RhythmsWhere stories live. Discover now