(Unicode)
Tags- ZSWW, Omegaverse, Romance
Mercium ကျောင်းကြီးက Mercilia မြို့တော်ကြီးရဲ့ ဂုဏ်ထူးဆောင်ကျောင်းကြီးဖြစ်တယ်။ ဒီကျောင်းကြီးက တော်လှပါဘိ ဆိုတဲ့ ကျောင်းသားကျောင်းသူတွေပဲ တက်ခွင့်ရှိတဲ့ ကျောင်းကြီးပေါ့။ ဒါပေမယ့်လည်း ဆိုးသွမ်းပါရဲ့ဆိုတဲ့ ကျောင်းသားတွေလည်း ရှိတာပေါ့လေ။ လောကကြီးမှာ ပိုက်ဆံရှိရင် အရာရာဖြစ်နိုင်တာပဲမဟုတ်လား။
*ဘုန်း*
"ပြောစမ်း ဝမ်ရိပေါ်! မင်း ဒီအခန်းကို လာရတာ ဘယ်နှခါတောင် ရှိပြီလဲ!"
"၁၇ ခါလား ၁၈ ခါလားပဲ"
"တောက်! ဒီကောင်တော့ ငါ့ကို လာရွဲ့နေတယ်ဟုတ်လား!"
"ဘိုးတော်ကလည်း... ခင်ဗျားမေးလို့ ဖြေတာလေ"
"ဒီကောင်!"
ဒေါသထွက်လွန်းလို့ အငွေ့ပျံမတတ် ဖြစ်နေတဲ့ ကျောင်းအုပ်ကို ကြည့်ရင်း ဝမ်ရိပေါ် ကြိတ်ရယ်မိတယ်။ ဒီတစ်ခါရော ဒီဘိုးတော်ကြီး ဘာလုပ်နိုင်ဦးမလဲ။ လုပ်စမ်း။
"မင်းကြောင့် မင်းအတန်းပိုင်လည်း ကျောင်းပြောင်းသွားရပြီ။ မသနားဘူးလား ဟမ်!"
"ဟင့်အင်း"
"မင်း! မနက်ဖြန် မိဘခေါ်ခဲ့စမ်း!"
"အိုကီ။ သွားပြီ"
ကျောင်းအုပ်ကြီးကို တာ့တာပြရင်း ဝမ်ရိပေါ်တစ်ယောက် ရုံးခန်းထဲက ထွက်လာလိုက်ပါတယ်။ မိဘခေါ်ဆိုတော့လည်း ခေါ်ရုံပေါ့။ ဘာထူးတာမှတ်လို့။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အဲ့နေ့က ရေရင် ၆ ရက်မြောက်နေ့။
ဝမ်ရိပေါ်တစ်ယောက် ရုံးခန်းထဲ ထိုင်နေရပြန်တယ်။ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ရန်ဖက်ဖြစ်ခဲ့တဲ့ D ခန်းက ကောင်တွေရောပေါ့။"တွေ့ရပြန်ပြီနော် ကျောင်းအုပ်ကြီး"
"အရိုအသေရှိစမ်း ဝမ်ရိပေါ်!"
"လိုလို့လား?"
"မင်း!"
*ဖြောင်း*
ရှေ့ကို ငိုက်ကျသွားတဲ့ ခေါင်းကြောင့် ဝမ်ရိပေါ်ရဲ့ ဒေါသက ထောင်းခနဲပဲ။ ဘယ်ကောင်ကများ သူ့ကို လာထိရဲရတာလဲ။