Episode 1 : Accident

11.2K 152 7
                                    

Unicode

"ပန်းရုံ မြတ်ပန်းရုံ ထတော့ ထတော့ နေဖင်ထိုးနေပြီ"
ပန်းရုံအိပ်နေတဲ့ အိပ်ယာမှခြင်ထောင်ကိုအတင်းဆွဲဖြုတ်လိုက်တာကြောင့်မထချင်ပဲထလာရသည်။

"မိန်းကလေးဖြစ်ပြီးတော့တော် အိပ်ယာထဖို့အဲ့လောက်အော်နိုးနေရတာ ဘေးအိမ်တွေကြားရင်လဲရှက်စရာကြီး"

"ပန်းရုံ ညကလုပ်လက်စအလုပ်လေးလက်စသတ်ချင်တာနဲ့၃နာရီထိုးသွားလို့ပါဒေါ်ဒေါ်ပြီးတော့အလုပ်ကလဲပိတ်တော့၉နာရီလောက်ထိပဲဖြစ်ဖြစ်အိပ်မလို့"

ပန်းရုံကထိုစကားပြောတော့ ပန်းရုံ၏မျက်နှာချင်းဆိုင်‌တွင်ရှိနေသောအဒေါ်ဖြစ်သူက

"ဘယ်လောက်လုပ်ရလုပ်ရပါအေ အိပ်ယာထနောက်မကျစမ်းပါနဲ့ အိမ်ကျက်သရေယုတ်တယ် ငါ့သမီးတွေဆိုမနက်၅နာရီထဲကထပြီးဆိုင်ကိုကူပေးနေတာ မျက်နှာသစ်ပြီးဈေးသွား၀ယ်စမ်းသွား"

ပန်းရုံအိပ်ယာနိုးစမို့ဘာမှမပြောတော့ဘဲခေါင်းငုံ့ကာအဒေါ်ဖြစ်သူရှေ့ကနေထွက်လာပြီးရေချိုးခန်းထဲ၀င်သွားဝောာ့သည်။

မြတ်ပန်းရုံဘ၀ကတော့သက်ပြင်းချချင်စရာဖြစ်သည်ပန်းရုံ၄နှစ်သမီးထဲကမိဘနှစ်ပါးကဆိုင်ကယ်accidentဖြင့်ဆုံးပါးသွားခဲ့ပြီး မိဘမရှိသည့်နောက် အဖေဖြစ်သူ၏အစ်ကို ပန်းရုံ၏ဦးလေးမိသားစုထံတွင်နေခဲ့သည်။ ဦးလေး၏မိန်းမကစားသောက်ဆိုင်ဖွင့်ထားပြီး ပန်းရုံကိုဂရုစိုက်ပေမဲ့တစ်ခါတစ်လေ သူစိတ်မကြည်ရင်သူ့ဒေါသပုံချစရာဟာပန်းရုံသာဖြစ်သည်။ဦးလေးနဲ့ဒေါ်ဒေါ်နဲ့မှာသားသမီးသုံးယောက်ရှိသည်။သမီးအကြီးဖြစ်သူ "ကံ့ကော်‌မွှေး"ကပန်းရုံထက်၅နှစ်ကြီးသည်၊သမီးလတ်ဖြစ်တဲ့"ခင်နှင်းဆီ"ကပန်းရုံနှင့်ရွယ်တူဖြစ်ကာအငယ်ဆုံးသား"‌စောဝေယံလင်း"ကတော့၁၇နှစ်အရွယ်သာရှိ‌သေးသည်။ပန်းရုံကမမွှေး၊ ခင်နှင်း နဲ့ စော‌ဝေလို့သာအတိုကောက်ခေါ်သည်။ မောင်နှမသုံးယောက်လုံးပန်းရုံနှင့်ဆက်ဆံရေးကောင်းပြီးညီအစ်ကိုမောင်နှမအရင်းလိုအတူနေကြသည်။

ပန်းရုံမျက်နှာသစ်ရေမိုးချိုးပြီးအိမ်အောက်ထပ်သို့ဆင်းလာဝောာ့ဦးလေး၏သမီးအကြီးဖြစ်သူ မမွှေးက

Red Tulips: Where my love beginsWhere stories live. Discover now