Episode 13 : Picnic Date

1.9K 58 2
                                    

Unicode

Kevinမနက်ခင်း Radioမှ ထုတ်လွှင့်ပေးနေသည့် The Beatles၏ I want to hold your handဟုအမည်ရ‌သောသီချင်းကို လိုက်ဆိုညည်းနေကာ Picnic Dateအတွက် ပြင်ဆင်နေမိသည်။

ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းနှင့်ပိုက်ဆံအိတ်ထည့်ကာ လက်ကောက်၀တ်နှစ်ဖက်ကို ရေမွှေးဆွတ်လိုက်ပြီး လက်ပတ်နာရီကိုပတ်နေတုန်း တံခါးဘဲလ်တီးသံကိုကြားရသဖြင့် တံခါးဖွင့်ကြည့်လိုက်တော့ သူ၏မျက်နှာချင်းဆိုင်အခန်းမှ သားအဖဖြစ်နေသည်။

"ကိုထက် ဘာကိစ္စရှိလို့လဲဗျ"

ထို 'ကိုထက်' ဆိုသူက သူ၏ ၄နှစ်အရွယ် သားငယ် ကို လက်တစ်ဖက်မှ ဆွဲထားကာ Kevinကို ခြေဆုံးခေါင်းဆုံးကြည့်၍

"Kevin မင်းအပြင်သွားမလို့လား"

Kevinက "ဟုတ်တယ် ကိုထက် ဘာဖြစ်လို့လဲ"ဟု မေးလိုက်တော့ ထိုလူငိုချင်နေသလိုမျက်နှာဖြင့်

"Kevinရာ ငါအားနာပါတယ်ကွာ Kyloကို ဒီနေ့တစ်ရက်လောက်ထပ်ထိန်းပေးလို့ရမလား ငါအရေးကြီးအလုပ်ကိစ္စလေးရှိနေလို့ကွာ ရူပါကလဲဒီနေ့ ဟိုတယ်မှာ ပွဲရှိလို့ အစောကြီးထဲကသွားပြီကွ"

Kevin ခေါင်းကိုကုတ်လိုက်ကာ

"ကိုထက် ဒီနေ့တော့မရဘူးဗျ ကျွန်တော်လဲ အရေးကြီးသွားစရာရှိလို့"

ကိုထက်က လက်မလျှော့သည့်ပုံစံဖြင့်
"Kevinရာ ငါတောင်းဆိုပါတယ်ကွာ Interviewမို့လို့ပါ"

Kevinစဉ်းစားနေတုန်းရှိသေးသည် ကိုထက်က နာရီကိုကြည့်၍

"ဟာ ၉နာရီထိုးတော့မယ် Kev ငါKyloကိုထားခဲ့ပြီကွာ ပြန်လာရင် ငါလာခေါ်ပါ့မယ် မင်းကျေးဇူးတွေမမေ့ပါဘူးကွာ" ပြောချင်ရာပြော၍ Kevinလက်ထဲ ကျောပိုးအိတ်အသေးလေးကိုထည့်ပေးကာ ဓာတ်လှေကားထဲပြေး၀င်သွားသည်မို့ Kevinသက်ပြင်းအရှည်ကြီးသာချနိုင်တော့သည်။

ဘေးကမောင်မင်းကြီးသားကိုကြည့်လိုက်တော့ သူ့ကိုသွားဖြဲကာ ရယ်ပြနေသည်။

"လာ အထဲ၀င် "

Kevinပြောလိုက်သည်နှင့် Kyloက တချိုးထဲ အိမ်ထဲ၀င်ကာ ဆိုဖာပေါ်ထိုင်ချတော့လေသည်။

"ငြိမ်ငြိမ်နေနော် ဒီမှာ မင်းကျောပိုးအိတ် ငါပြင်ဆင်ပြီးတာနဲ့ အပြင်ထွက်မယ် ဟုတ်ပြီလား"

Red Tulips: Where my love beginsWhere stories live. Discover now