Episode 8 : Lover

2K 70 0
                                    

Unicode

ငပလီမှ ပြန်ရောက်ပြီး၃ပတ်ကြာသွားသည်အထိ Kevin Yangနှင့်မြတ်ပန်းရုံတို့တွဲနေသည်ဆိုတာကို ခန့်သူရိန်တို့စုံတွဲနှင့် Kevin၏ driverဖြစ်သူ ညီမင်းခ ကိုသာပြောပြ၍ တခြားသူများအားဖုံးကွယ်ထားခဲ့သည်။

တွဲတဲ့အခြေအနေရောက်သွားသဖြင့်ရုံးတွင် Kevinနှင့်ဆုံရတဲ့အချိန်တွေဟာ နေရတာသက်သောင့်သက်သာမရှိလှပါ။

Kevinကသူနှင့်ရုံးမှာအတူဆုံချိန်တွင် လူကို မျက်လုံးကျွတ်ကြမတက်ကြည့်နေတတ်သည်မို့ အမြဲသတိပေးနေရသည်။
ပန်းရုံ အလုပ်စားပွဲတွင် ‌စမ်းသပ်မည့်ရေမွှေးအနံ့အတွက်လိုအပ်သည့်ပစ္စည်းများကိုရေးမှတ်နေတုန်း ဖုန်းထဲသို့ Message၀င်လာသဖြင့်ကြည့်လိုက်တော့ ယွန်းဟန်နီဆီမှဖြစ်သည်။

“ဘာလဲ ဘာလဲ ယူတို့Offical ချပြတော့မှာလား??"ဟုရေးထားသော messageနှင့်အတူ screenshotတစ်ပုံပါပို့ထားသည်မို့ကြည့်လိုက်‌
တော့ Kevinကသူ(မ)လက်ကို‌ဆုပ်ကိုင်ကာရိုက်ထားသည့်ပုံကိုInstragramတွင်storyတင်ထားကာ တပ်ထားသည့်Captionက
Rex orange county၏ Sunflowerဆိုသည့်သီချင်းမှစာသားတစ်‌
ကြောင်းဖြစ်‌သော“I promise I'm the one for you"ဆိုတာကိုရေးထားတာဖြစ်သည်။

ပန်းရုံ ရင်ထဲနွေးခနဲဖြစ်သွားပေမဲ့ နာရီကို‌တွေ့တာနဲ့ဒါဟာသူ့ရဲ့လက်ဆိုတာ ရုံးမှလူများသိသွားကြမည်ဟုထင်သောကြောင့်၀တ်ထားတဲ့နာရီကိုပါချက်ချင်းချွတ်ပစ်ကာ Kevinဆီ Instagramမှ storyကိုဖျက်ရန်ပြောရပြန်သည်။

--------------------------------------------------

ညနေ5နာရီကို ရုံးဆင်းချိန်အဖြစ်သတ်မှတ်ထားသော်လည်း အချိူ့၀န်ထမ်းများက၅နာရီမထိုးခင်ထဲကရုံးဆင်းသွားကြပြီဖြစ်သည်။ ထိုကဲ့သို့ပြုမူသော၀န်ထမ်းများထဲတွင် ပန်းရုံတို့အဖွဲ့မှ ကိုထက်ဖြိုး ၊ မမွန်နှင့်နိုင်းလဲပါသည်။

“ပန်းရုံရေ ငါတို့သွားနှင့်ပြီနော်" ကိုထက်ဖြိုးကလက်ကို‌ဝေ့ရမ်းပြကာပြောသည်။

“၅နာရီမထိုးသေးပေမဲ့ ပြန်တော့နော် မပန်းရုံ ရုံးမှာ တစ်ယောက်တည်းကျန်နေခဲ့မယ်"နိုင်းကဆရာကြီးစတိုင်ဖြင့်သတိပေးသလိုပြောတော့ ပန်းရုံလက်ကိုပိုက်ကာ ခေါင်းအခါခါငြိမ့်၍

Red Tulips: Where my love beginsWhere stories live. Discover now