Episode 21 : Giving you all my love

2.5K 59 9
                                    

{ Warning-Sexual Content
အခန်းတွင် လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းများ ပါ၀င်‌
သောကြောင့် အသက်ပြည့်သေးသူတချို့အတွက်ဖတ်ရှူရန်မသင့်လျော်ပါ }*READ AT YOUR OWN RISKS*

Unicode

"အိုကေ.. ဒါဆို..." ကယ်ဗင့် ပန်းရုံကိုပွေ့လျှက်နဲ့ပင် ထလိုက်သောကြောင့် ပန်းရုံလက်က ကယ်ဗင့်၏လည်ပင်းကို အလျင်အမြန်ဖက်လိုက်ရသည်။

ကယ်ဗင် ပန်းရုံအား အိပ်ခန်းထဲရှိ ကုတင်ပေါ်သို့ဖြေးညှင်းစွာချလိုက်ကာ သူကိုယ်တိုင်က ပန်းရုံကိုအပေါ်မှအုပ်မိုးကာ

"အဟန်း....ကိုယ်တို့"
ပန်းရုံ ကယ်ဗင်ပြောချင်သည့်စကားကိုကြိုသိ‌
နေပေမယ့်လဲ ကယ်ဗင့်မှာ စကားပြောဖို့ကို အချိန်တော်တော်ယူနေရသည့်ပုံပေါ်နေသောကြောင့် ပန်းရုံကပဲ shirt collar ကိုဆွဲကာ ကယ်ဗင့်၏ နှုတ်ခမ်းအပေါ်အနမ်းခြွေချလိုက်ရတော့သည်။

ကယ်ဗင်က အနမ်းခြွေနေရင်းမှ ရပ်ကာ အပေါ်အင်္ကျီကို ချွတ်ပစ်လိုက်သောကြောင့် ပန်းရုံ မျက်လုံးတွေကျယ်သွားသလိုပင်။ နှစ်ယောက်သားက အသက်အရွယ်တစ်ခုအထိရှိနေပြီးသားလူတွေဖြစ်သောကြောင့် ဒီလို အခြေအနေဟာ ဘယ်ဆီကိုဦးတည်နေမှန် သူတို့နှစ်ယောက်လုံး သိကြပါသည်။ သို့သော် အချစ်ရေးကိစ္စမှာ ဒီလုပ်ဆောင်ချက်ဟာလဲအပါအ၀င်ပဲမလား။

ထို့နောက် ကယ်ဗင် ပန်းရုံ၏ လည်တိုင်ကိုအနမ်းများပေးရင်း ပန်းရုံ၏shirtအင်္ကျီကြယ်သီးများကိုဖြုတ်နေမိသည်။ ပန်းရုံကတော့ ကယ်ဗင့်၏အနမ်းတွေထဲစီးမျောနေကာ ကျောပြင်ကျယ်အား လက်နှစ်ဖက်ဖြင့်ပွတ်သပ်နေလျှက်ရှိသည်။

ကယ်ဗင်သူကိုယ်တိုင်သူ့ဘောင်းဘီကို ချွတ်ပြီး၍ ပန်းရုံ၏ပေါင်ကိုကိုင်လိုက်တဲ့အခါမှာတော့ skinny jeans ဖြစ်သည်မို့ သူကိုယ်တိုင်ချွတ်မည်ဟုပြောသောကြောင့် အိမ်သာထဲခဏ၀င်သွားသည့်ပန်းရုံကို ကယ်ဗင်သူ၏၀တ်လစ်စလစ်ဖြစ်နေသောခန္ဓာကိုယ်အား စောင်ဖြင့်ဖုံးကာ ကုတင်ပေါ်တွင်စောင့်နေမိသည်။

Red Tulips: Where my love beginsWhere stories live. Discover now