Episode 7 : Sunset and Love

2.2K 90 6
                                    

Unicode

ပန်းရုံ အိပ်ရင်းနဲ့ခန္ဓာကိုယ်တွင်‌‌
ချွေးထွက်လာတာကိုခံစားမိသလိုဖြစ်လာတာမို့ အိပ်ချင်မူးတူးဖြင့်ထကာ အပေါ်မှာ၀တ်ထားသောဆွယ်တာကိုချွတ်ကာကြည့်လိုက်တော့

"ဟင် ဒါငါ့အင်္ကျီမဟုတ်ပါဘူး"

အခန်းကို‌ကြည့်လိုက်တော့ဆိုဖာပေါ်‌တွင်ကွေးကွေးလေးအိပ်နေသည့်Mr.Yangကိုတွေ့ရသောကြောင့်အိပ်ချင်မူးတူးဖြစ်နေသည့်မျက်လုံးများကပြူးကျယ်လာကာ ညကအဖြစ်အပျက်များကိုခေါင်းထဲပြန်ရောက်အောင်မနည်းပြန်စဉ်းစားကြည့်တော့တစွန်းတစ်စသူ့‌ခေါင်းထဲပေါ်လာသည့်လုပ်ရပ်တွေအပေါ်အံ့ဩကာပါးစပ်အဟောင်းသားဖြစ်
နေသည်။

"နင်ဘယ်လိုလုပ်လိုက်တာလဲ ဘယ်လိုတွေတောင်လုပ်ချလိုက်တာလဲ မြတ်ပန်းရုံ နင်အဲ့ဖန်ခွက်ကိုဒီအတိုင်းချထားခဲ့သင့်တာ"
ပန်းရုံ လက်နှစ်ဖက်ကိုခေါင်းပေါ်တင်ကာစိတ်ပျက်လက်ပျက်ဖြင့်ကုတင်ပေါ်ထိုင်နေရာမှ နာရီကိုကြည့်လိုက်တော့ မနက်3:50ဖြစ်သည်မို့အခုအချိန်ဒီအခန်းထဲကထွက်ပြီးသူ(မ)အခန်းကိုပြန်လျှင် ဘယ်သူမှသတိထားမိမှာမဟုတ်ဟုတွေးကာ ကုတင်ပေါ်မှဆင်း၍ သူ့ဖိနပ်နှင့် ဆိုဖာ‌ရှေ့ကစားပွဲပေါ်တွင်တင်ထား‌သောသူ့အိတ်ကိုယူလိုက်တော့ ဆိုဖာပေါ်တွင်အိပ်နေသည့် Kevinဆီသူ့အာရုံတွေရောက်သွားပြန်သည်။
အပူအပင်ကင်းကင်းဖြင့်အိပ်နေသောမျက်နှာလေးမှာအနမ်းတွေခဏခဏခြွေပစ်ချင်စရာ။ဒါပေမဲ့ ပန်းရုံ စာရွက်တစ်ရွက်အပေါ်တွင်မနေ့ညကကိစ္စအတွက်တောင်းပန်ကြောင်းရေးကာ စားပွဲပေါ်တင်ပေးထား၍အခန်းထဲမှထွက်လာခဲ့တော့သည်။

-------------------------------------------------

မနက်7:30 Kevinနိုးလာတော့ အခန်းတွင်ပန်းရုံကိုမတွေ့ရတော့ချေ။ထို့အစားစာရွက်လေးတစ်ရွက်အပေါ်တွင်တော့
"မနေ့ညကကကိစ္စအတွက်တောင်းပန်ပါတယ်"ဟုရေးထားကာစားပွဲပေါ်ထားခဲ့သည်ကိုကြည့်ပြီးမျက်နှာကိုလက်နဲ့ပွတ်လိုက်ကာ သက်ပြင်းချမိသည်။

ထို့နောက်ရေချိုးခန်းထဲ၀င်လာကာ သွားတိုက်ရန် မှန်ကိုကြည့်မိတော့ လည်ပင်းနှင့်ညှပ်ရိုးကြားတွင် နီညိုရောင်သန်းနေသော အကွက်ကြီးကိုတွေ့လိုက်ရသဖြင့် ဘေစင်ပေါ်လက်ထောက်လိုက်ကာ
"ဟူးးး မြတ်ပန်းရုံ မင်းကတော့လေ"ဟုညည်းညူမိသည်။ ဘယ်လိုမှလုပ်လို့ရမည်မဟုတ်ပါ ထိုအရာပေါ်အနာကပ်ပလာစတာကိုကပ်ဖို့ပဲကြံရတော့မည်။

Red Tulips: Where my love beginsWhere stories live. Discover now