Episode 6 : Love made me crazy

2.6K 91 5
                                    


Unicode

{ Warning-Sexual Content
အခန်းတွင် လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းများ ပါ၀င်‌
သောကြောင့် အသက်ပြည့်သေးသူတချို့အတွက်ဖတ်ရှူရန်မသင့်လျော်ပါ }*READ AT YOUR OWN RISKS*

မနက်ဘက်မင်္ဂလာဆောင်ကလူသိပ်မများပေမဲ့ ပျော်စရာအလွန်ကောင်းသည်။ဒါပေမဲ့မနေ့ညက ကိစ္စကြောင့်ပန်းရုံ Mr.Yangမျက်နှာချင်းမဆိုင်ရဲဖြစ်နေကာ ရှောင်နေမိသည်။ ပန်းရုံမင်္ဂလာပွဲ‌နေရာမှထွက်လာကာသဲသောင်ပြင်ပေါ်ထိုင်နေတုန်း သတို့သားအရံတွေထဲကတစ်ယောက်ကရောက်လာကာ

"ဒီကသတို့သားဘက်အသိကလား သတို့သမီးဘက်အသိကလားဗျ"ပန်းရုံတစ်ချက်မော့ကြည့်လိုက်ကာ

" အော် နှစ်ယောက်လုံးနဲ့သိတာပါ ဘာဖြစ်လို့လဲရှင့်"

"ဘာမှမဖြစ်ပါဘူးဗျ ပထမဆုံးတွေ့ဖူးတာမို့မေးကြည့်တာပါ" ထိူလူက ပန်းရုံအနားတွင်ထိုင်ချကာပြောသည်။

"ဟုတ် သိတာတော့မကြာသေးဘူး ကျွန်မက သတို့သားရဲ့Companyမှာ၀န်ထမ်းလေ"

"အော် အဲ့တာမို့လို့ကို ဒီက နာမည် ဘယ်လိုခေါ်လဲမသိဘူး ကျွန်တော်က မိုးဒီယံလို့ခေါ်ပါတယ်"
"မြတ်ပန်းရုံပါ"

ပန်းရုံနှင့်ထိုလူစကားပြောနေသည်ကို နောက်မှ မျက်တောင်မခတ်ပဲစိုက်ကြည့်နေသည်က Kevinနှင့်ခန့်သူရိန်ဖြစ်သည်။ Kevin ခန့်သူရိန်ကို တံတောင်ဖြင့်တို့ကာ

"အဲ့ကောင်ဘယ်သူလဲ ဘယ်ကလဲ ဘာလို့ မြတ်ပန်းရုံနဲ့စကားပြောနေတာလဲ"

သူရိန်က တစ်ဆက်တည်းမေးသောမေးခွန်းများကြောင့် Kevinကို မျက်မှောင်ကြုတ်၍ကြည့်ကာ

" ဟိုးထားဆရာ ဖြေးဖြေးပေါ့ အဲ့တာ မိုးဒီယံတဲ့ ဟန်နီ့သူငယ်ချင်း ဘာလို့မြတ်ပန်းရုံနဲ့စကားပြောလဲဆိုတာကတော့ မြတ်ပန်းရုံကိုစိတ်၀င်စားလို့ထင်တယ်"

သူရိန့်စကားကြောင့်Kevinအလန့်တကြားဖြင့်
" စိတ်၀င်စားလို့မရဘူး ငါမြတ်ပန်းရုံကိုဖွင့်ပြောပြီးပြီ"

Red Tulips: Where my love beginsWhere stories live. Discover now