Episode 3 : Eyes on you

2.3K 92 5
                                    

Unicode

"မမြတ်ပန်းရုံ Mr.Yangက ရုံးဆင်းခါနီးကြအလုပ်ကိစ္စဆွေးနွေးစရာရှိလို့ သူ့ရုံးခန်းကိုခဏလာပေးပါတဲ့ရှင့်"

Mr.Yang၏ အတွင်းရေးမှူးဖြစ်သူက ပန်းရုံတို့အလုပ်ခန်းကို၀င်လာကာ ပန်းရုံအလုပ်စားပွဲရှေ့ရပ်၍ပြောပြီးထွက်သွားသောကြောင့် မမွန် ကိုထက်ဖြိုးနှင့် ယနေ့မှအလုပ်သင်အဖြစ်Group 11သို့ရောက်လာသော နိုင်းရာဇာ ဆိုသည့်ကောင်လေးကပါ ပန်းရုံကိုအံ့ဩသလိုကြည့်ကာ

"ဟဲ့ မနက်ကတောင်းပန်ပြီးပြီမလား"

"အဲ့တာကိုမကျေနပ်ဘူးတဲ့လား"

"ဘာဖြစ်မှာလဲဟင် ကျွန်တော်တို့အလုပ်ဖြုတ်ခံရမှာလားဟင် မပန်းရုံ ကယ်ပါဦး ကျွန်တော်အခုမှ အလုပ်သင်အဖြစ်ရောက်တာနော်"

တစ်ယောက်တစ်ပေါက်ပြောနေသောအဖွဲ့မှလူများကြောင့် ပန်းရုံစိတ်ရှုပ်စွာ ခေါင်းကုပ်လိုက်ကာ နိုင်း ကိုကြည့်လိုက်တော့ ငနဲကောင်က ကြောက်ပြီးလက်တွေတုန်ကာ အသက်တောင်မနည်းရှူနေရသည့်ပုံပေါ်နေသဖြင့်

"နိုင်းရယ် ငါကြောက်ဖို့လဲချန်ထားပါဦးပြီးတော့ Mr.Yang ကအဲ့လိုလုပ်မဲ့လူမဟုတ်ပါဘူး"

"ဟာ မပန်းရုံကလဲ Mr.Yangက သူ့ကိုမြင်တာနဲ့ဒူးတုန်နေတာမျိုးဗျ အဲ့ဘဲရဲ့အရှိန်အဝါကတော့တော်တော်တောက်ပတာ ဟုတ်တယ်နော်"
နိုင်းကပြောရင်းနဲ့ မမွန်နှင့်ကိုထက်ဖြိုးဆီကပါ သူပြောတာကိုထောက်ခံလားလို့မေးလိုက်သေးသည်။မမွန်နဲ့ကိုထက်ဖြိုးကလဲ နိုင်းကိုထောက်ခံကြောင်းခေါင်းပြန်ငြိမ့်ပြသည်။

"အေး နင်ကြောက်သာကြောက်တာနော် သုံးတဲ့အခေါ်အဝေါ်ကအဲ့ဘဲဆိုပဲ ဟိုကကြားရင်နင့်ကိုလာသတ်နေမယ်"

ရုံးဆင်းဖို့၁၅မိနစ်အလိုထဲက မမွန်တို့ကသူတို့ပစ္စည်းပစ္စယတွေကိုသိမ်းကာ ပန်းရုံနားလာ၍ နိုင်းကပုခုံးကိုနှိပ်ပေးလိုက် ကိုထက်ဖြိုးက ပန်းရုံဘယ်ဘက်လက်ကိုနှိပ်ပေးပြီး မမွန်က ပန်းရုံညာဘက်လက်ကိုကိုင်ကာ လက်ချောင်းတွေကိုနှိပ်နှယ်ပေးနေသည် ထို့အပြင် ပါးစပ်ကပါ

" ပန်းရုံမျက်လုံးမှိတ်ထား စိတ်အေးအေးနေနော် စကားမမှားစေနဲ့"

Red Tulips: Where my love beginsWhere stories live. Discover now