🥤Episode 2🥤ᵘⁿⁱ+ᶻᵃʷᵍⁱ

3K 182 7
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂

ကျနော့အထင် ကင်မ်ထယ်ယောင်းလိုကောင်ကို သူ့အိမ်ကအလိုမရှိတော့ပုံပဲ။ဒါပေမယ့် သူ့အိမ်က ကျနော်တို့နှစ်ရောက်ရဲ့ လက်ထပ်ပွဲက လက်ဖွဲ့ငွေတွေကို ကျနော့ကိုအကုန်ပေးခဲ့တာ။

ကျနော့အမေကလည်း ကင်မ်ထယ်ယောင်းအကြောင်းသိရဲ့သားနဲ့ ကျနော့်နဲ့ပေးစားခဲ့တာ ဘာဓာတ်ကျနေလဲမသိဘူး။အမေနဲ့အဖေနဲ့က ကင်မ်ထယ်ယောင်းဆိုသဲသဲလှုပ်။ကျနော့ကို ပေးနေကျအချစ်တွေကို ကင်မ်ထယ်ယောင်းကလုယူသွားသလိုပဲ။

         🥤The Light Of My Savior 🥤

ကျနော့နာမည်က ဂျွန်ဂျောင်ဂု...
ဘူဆန်မှာမွေးဖွားခဲ့တာ။တဦးတည်းသောသား။

တက္ကသိုလ်တက်ကတည်းက Seoul ကိုပြောင်းလာခဲ့တာ။အဖေက Jeon Group ရဲ့ပိုင်ရှင်။ကျနော်ကတော့ CEO တယောက်။ တက္ကသိုလ်တက်ကတည်းကအလုပ်သင်အနေနဲ့စပြီး အဖေ့ Company မှာဝင်လေ့လာခဲ့တာ။

ကျနော့စိတ်ကြိုက်စီးပွားရေးမေဂျာယူတယ်။ကျနော့စိတ်ကြိုက် CEO တယောက်ဖြစ်အောင်ကြိုးစားခဲ့တယ်။
ကျနော့ဘဝမှာ ကျနော့်စိတ်ကြိုက်ပဲ။

အခုအသက်25နှစ်အထိ ရည်းစားတယောက်မှမထားခဲ့ဘူး။အိမ်ကလည်း အတင်းမတိုက်တွန်းသလို ကျနော်ကလည်းစိတ်မဝင်စားဘူး။ကျနော့်လိုအောင်မြင်နေတဲ့လူတယောက်ကို လာကြိုက်ကြတဲ့လူမရှိဘူးဆိုယုံမလား။ယုံလိုက်ပါ။အာ့တာကတကယ်လေ။အကြောင်းပြချက်ကတော့ ကျနော့ရဲ့တင်းမာတဲ့မျက်နှာကြောနဲ့ အထက်စီးဆန်ဆန်နေတတ်မှုကြောင့်ရယ်ကအဓိကပေါ့။

ကျနော်ကလည်း အာ့လိုရှုပ်ရှုပ်ရှက်ရှက်တွေမလိုချင်ပါဘူး။ကျနော့ဘဝမှာ စီးပွားရေးကအဓိကပဲ။စီးပွားရေးသာ ပထမ။လူပျိုကြီးလုပ်ဖို့ ဆုံးဖြတ်ပီးသား။

ဒါပေမယ့်...
ကျနော့ဘဝထဲဝင်နှောက်ယှက်လာသူက ကင်မ်ထယ်ယောင်းဆိုတဲ့ ငနဲကောင်လေး။

ကျနော့ဘဝကိုတခါမှဝင်မစွက်ဖက်ဖူးတဲ့ မိဘတွေကဒီတခါတော့ ကျနော့ကို မရမကအမိန့်ချခဲ့တာ။ကျနော်ကထွက်ပြေးမယ်ဆိုရင်တောင် ဖမ်းချုပ်ပြီး အတင်းလပ်ထပ်ပေးမယ်ဆိုပြီး ပြောခဲ့တာ။

Tʜᴇ Lɪɢʜᴛ Oғ Mʏ Sᴀᴠɪᴏʀ[KOOᗰOՏ]Where stories live. Discover now