🥤Episode 18🥤

1.6K 91 2
                                    

"ထယ် နိုးပြီလား"

"......"

"ထယ်လို့ စိတ်ဆိုးနေလားဟင်"

"ကိုကိုကလေ အရမ်းကြမ်းတာပဲရယ် ကျွတ် ကျွတ်"

ပြွတ်!!

"အနာပျောက်ပြီလားဟင်"

"ကိုကိုကလည်း နာတာကနှုတ်ခမ်းမှမဟုတ်တာ"

"အာ..ဒါဆိုကိုကိုက ထယ့်ရဲ့.."

🥤 The Light Of My Savior 🥤

"ထယ် ထတော့
ထယ် ထတော့လို့"

"အင်း ဟင်း အော် ကိုကို
ပြန်လာပြီလား မွ"

အိပ်ယာပေါ်ကနေပြေးဆင်းလာပြီး ကျနော့လည်ပင်းကိုတင်းကြပ်စွာဖက်၍ အနမ်းလေးများစွန့်ကြဲလေ၏။

"အိတ်ပုတ်လေး ချစ်လိုက်တာကွာ"

"ကိုကို"

"ဗျာ"

"အုန်းသီးလုံးရော"

"ဟီး"

"အုန်းသီးလုံးရောလို့ ကိုကိုရယ်မနေနဲ့ကွာ ဖယ် ကျနော်သွားရှာဦးမယ်"

ထွက်သွားတော့မည့်ထယ့်ကို ခါးကနေပြန်ဖက်ထားလိုက်တော့ ထယ်ကရုန်းလေသည်။

"ဖယ်ပါဆို စိတ်ပူနေပြီ သားကို"

"သားကအမေ့တို့ဆီလိုက်သွားတယ်"

"ဘယ်လို သားအိပ်နေတာလေ"

"ထယ်ကလည်း ကိုကိုတို့အတူမနေရတာ2နှစ်တောင်ပြည့်ပြီ သားမွေးကတည်းက ကိုကို့ကို ထယ်ကပစ်ထားတာဟင့်.."

ဟုတ်လည်းဟုတ်ပါသည်။
ကိုကို့ကို ပစ်ထားသလိုဖြစ်နေရောပေါ့။ဒီညတော့ကိုကိုပြောသလို အချိန်ပေးရမည်။ကိုကိုလည်း ကျနော့်အနားနေချင်ရောပေါ့...

"ထယ်
ဘယ်သွားမလို့လဲ"

"ရေချိုးမလို့လေ"

"ဟင် ပြီးမှချိုးပါ့လား"

"ဟင့်အင်း
ခဏစောင့်နော် အဟိ"

ထယ့်၏ "အဟိ" ဆိုသည့်အသံလေးနောက် ကျနော့်မှာလုံးဝအရည်ပျော်ဝင်သွားရပြီ။ဘယ်လောက်တောင်လဲဆို ထယ်ရေချိုးပြီးသည်အထိ ဂျောင်ဂုမှာ ကုတင်ခေါင်းရင်းမှာ ငုတ်တုတ်ကြီး...

Tʜᴇ Lɪɢʜᴛ Oғ Mʏ Sᴀᴠɪᴏʀ[KOOᗰOՏ]Where stories live. Discover now