🥤Episode 9🥤ᵘⁿⁱ+ᶻᵃʷᵍⁱ

2.3K 142 6
                                    

ထယ့်၏ပါးဖောင်းဖောင်းလေးတွေကို တဖက်ကထိမ်းကိုင်ကာ တဖက်ကအနမ်းပေးလေသည်။

"သူဌေး ရုံးနောက်ကျတော့မယ်"

မွ!!

"မရှည်နဲ့
တော် တန် တိတ်"

မွ!!

"ဟုတ်တယ် ကိုကိုရ
သွားတော်နော် နေ့လည်ခင်းထမင်းစားဖို့ ကျနော်စောင့်နေမယ်"

မွ!!

🥤 The Light Of My Savior 🥤

"ကိုကိုသွားတော့မယ်နော် ထယ်"

"ဗျာ...ဟုတ်
ကောင်းကောင်းသွားပါဗျ"

"လိုက်ခဲ့ပါ့လားထယ်ရယ် ဟမ်
ပျင်းမနေဘူးလား"

"မပျင်းပါဘူး ကိုကိုရဲ့"

"လိုက်ခဲ့ကွာနော်"

"ထယ်လိုက်ခဲ့ရင် ကိုကို့ဝန်ထမ်းတွေက ကိုကို့ကိုအထင်သေးကြမှာပေါ့လို့"

"ဟာကွာ...
ကိုကိုကအာ့လိုသူများတွေပြောစကားဂရုစိုက်စရာလားလို့ ပြီးတော့ထယ်နဲ့ကိုကို လက်ထပ်ထားတာအားလုံးသိပြီးသားလေကွာ"

"ကိုကိုပဲသွားပါဗျာ နော်
နောက်မှပဲကျနော်လိုက်မှာပေါ့ဗျ"

"အာ ...မရဘူးကွာ
ကိုကိုရှိတဲ့နေရာတိုင်း ထယ့်ကိုရှိစေချင်တယ်။ထယ်ရှိတဲ့နေရာတိုင်းလည်း ကိုကိုက ရှိနေမှာ"

"အာ..."

ဒါကတော့ ကိုကိုရုံးမသွားခင်မနက်ခင်းတိုင်း အမြဲဂျစ်တိုက်နေကျပုံစံပင်။ထယ့်ခါးကိုဖက်ကာ ကိုကိုကထယ့်ပုခုံးပေါ်ကိုလည်း မေးစေ့လေးတင်ထားသေးတယ်။ပြီးလျှင် ကိုကိုနှုတ်ခေါင်းလေးက ထယ့်ကိုကြောင်ပေါက်လေးတကောင်လို ပွတ်သီးပွတ်သတ်ရယ်။

ထယ်ယောင်းဆိုသည့်ယောကျာ်းဟာ ကိုကိုနှင့်မညားခင်အထိတကြိမ်တခါမျှ လူများစွာနှင့်ရောရောလျက်လျက်နေရခြင်းကိုမကြိုက်သူ။ကိုယ်တိုင်ပွတ်သီးပွတ်သတ်မလုပ်တတ်သလို တခြားသူလာလုပ်လျှင်လည်းမကြိုက်ပါ။ယခုတွင်တော့ ထယ့်ဘဝထဲကိုကိုဝင်ရောက်လာပြီးနောက်ပိုင်း ကိုကိုကထယ့်ရဲ့အခွင့်ထူးခံလူတန်းစားပင်။

"တကယ်မလိုက်ဘူးလားထယ်ရာ
ကိုကိုကနေ့တိုင်းလွမ်းနေရတာ"

"အလုပ်ချိန်လေးပဲကိုကွာ
ကိုကိုရာ..."

Tʜᴇ Lɪɢʜᴛ Oғ Mʏ Sᴀᴠɪᴏʀ[KOOᗰOՏ]Where stories live. Discover now