🥤Episode 6🥤ᵘⁿⁱ+ᶻᵃʷᵍⁱ

2.6K 175 3
                                    

"အားမနာပါနဲ့ သူစိမ်းတွေမှမဟုတ်ဘဲလေ။ကျနော် Night Dutyကျတဲ့အချိန်ကလွဲပြီး နေ့တိုင်းနှိပ်ပေးပါရစေ။ဒီတခုတော့လိုက်လျောပေးပါနော် အကိုဂျောင်ဂု"

"Night Duty!!

"ဗျာ ...ဟုတ်
Night Dutyဆိုညနေပိုင်းသွားပြီး အာ့မှာအိပ်ရမှာမို့"

"မလုပ်နဲ့တော့ အာ့အလုပ်"

"ဗျာ"

"ညဘက် အိမ်ပြန်မအိပ်ဖို့ခွင့်မပြုဖူးဘူး ကင်မ်ထယ်ယောင်း"

🥤 The Light Of My Savior 🥤

ကျွီ!!

ကားရပ်သံကြောင့် ဂျောင်ဂုခြေအစုံတို့ရပ်တန့်သွားကာ မယောင်မလည်ခြံရှေ့ကိုကြည့်လိုက်သည်။

ခဏနေစမ်းပါဦး!
ငါဘာတွေချောင်းနေရတာလဲ ဒါငါ့အိမ်ပဲ အာ မသိတော့ဘူး ချောင်းမှာပဲ...

ဂျောင်ဂုလည်းခေါင်းတခါခါနှင့် အနီရောင်ကားလေး၏လှုပ်ရှားမှုတွေကိုကြည့်နေလေသည်။

"တကူးတကလိုက်ပို့ပေးတာကျေးဇူးပါ Dr ပတ်ခ်"

"ဂျီမင်..
ဂျီမင်လို့ပဲခေါ်ပါ"

"အာ..ဟုတ်ကောင်းပါပြီ ကျနော်မှတ်ထပါ့မယ်"

"အွန်း မနက်မှတွေ့မယ် ထယ်"

"ကောင်းကောင်းပြန်ပါဗျ"

ထယ်ယောင်းကခေါင်းငုံ့ကာခါးကိုင်း၍အရိုအသေပေးလေသည်။

"အိမ်ထဲမခေါ်တော့ဘူးလား ထယ်"

"ဗျာ...ဟုတ်
ကျနော့အမျိုးသားက"

"အော် ရပါတယ်နောက်မှပေါ့ စိတ်ထဲမထားပါနဲ့ ကို တို့ကအမြဲတွေ့နေရတော့မှာပဲ"

"အာ...ဟုတ်"

ထယ်‌ယောင်းက ယောင်နစွာ ဂုတ်သားတွေကိုပွတ်လိုက်သည်။‌

နေပါဦး..
ဒီမိုချီလုံးလေးက ငါ့ကို ဖလစ် နာလား?

ခ်ခ်!!

"ရယ်တာလှတယ်ထယ်"

"ဗျာ"

"ဟို...ပြန်..ပြန်တော့မယ်ပြောတာ
သွားပြီနောင် ထယ်"

ထယ်တောင်နှုတ်မဆက်လိုက်ရ မိုချီလုံးလေးကကားပေါ်အတင်းပြေးတက်သွားကာ ကားကိုတဟုန်ထိုးမောင်းထွက်သွားလေသည်။အနောက်တွင်ကျန်ခဲ့သော ထယ်ယောင်းမှာတော့ ထိုအဖြစ်အပျက်ကိုသဘောတကျရယ်မိနေလေသည်။

Tʜᴇ Lɪɢʜᴛ Oғ Mʏ Sᴀᴠɪᴏʀ[KOOᗰOՏ]Where stories live. Discover now