🥤Episode 24🥤

1.5K 83 0
                                    

"မင်းမသွားသေးဘူးလား
ကင်မ်ထယ်ယောင်း"

"မင်းကဒီလိုသေမလိုဖြစ်နေတာငါကဘယ်လိုသွားမှာလဲ"

"မင်းနဲ့ဆိုင်ပါဘူး ငါသေလည်းဖြစ်တယ် သွား ငါ့ဆီကမင်းမြဲထွက်သွားချင်နေတာမဟုတ်လား"

"ဟုတ်တယ်
ထွက်သွားမှာ အခုတော့မဟုတ်သေးဘူး"

🥤 The Light Of My Savior 🥤

3ရက်ရှိပြီ ဂျီမင်အခန်းထဲကထွက်မလာတာ။ထွက်မလာလည်းဘာအရေးလဲ ပျော်တောင်ပျော်သေး ရိုက်မယ့်သူနှိပ်စက်မယ့်သူမရှိတော့ဘူးပေါ့။

ဒါပေမယ် 6 နှစ်တာ အတူတအိမ်ထဲနေလာခဲ့ကြသည်မို့ အခုလိုကျတော့လည်းတမျိုး...တခုခုဖြစ်နေပြီလားတော့မသိ...

ဒေါက်!

ဒေါက်!

"ဘယ်သူလဲ"

"ငါ ...ငါပါဂျီမင်"

"ဘာလဲ...အိမ်ပြန်ချင်လို့လာပြောတာလား"

"မဟုတ်..."

"ပြန်...ပြန်တော့
ငါဆွဲမထားတော့ဘူး
မင်းကိုနှိပ်စက်ရတာပျော်ဖို့မကောင်းလို့"

ကျွီ!!

လော့ချမထားသောတခါးကို ထယ်တွန်းဖွင့်လိုက်သည်။ဂျီမင်ကပန်းချီတွေဆွဲနေလေသည်။တခန်းလုံးအပြည့်ဘဲ...ထယ့်ပုံတွေ..

"ဟင်"

"သွားလေ ဘာဝင်လုပ်တာလဲ
ငါအကောင်းပြောနေတုန်းပြန်လိုက် ထယ်ယောင်း"

"မင်း...မင်း
ဒီပုံတွေ"

"ဘာဖြစ်လဲ
ငါ့သားအဖေပုံဆွဲတာမင်းနဲ့ဘာဆိုင်လဲ
ငါစိတ်မပြောင်းခင်ထွက်သွားတော့ ကင်မ်ထယ်ယောင်း"

နောက်ကိုတစက်မျှလှည့်မကြည့်ဘဲပြောလာသောဂျီမင်။အခုကျတော့လည်း ၆ နှစ်လုံးလုံးကျနော့်ကိုနှိပ်စက်ထားသည်သူနှင့်မတူတော့ပေ...

"ဒါဆို ငါသွားတော့မယ်"

ထယ်လည်းထိုစကားသာပြော၍အိမ်ပေါ်ထပ်ကိုပြေးတက်လာလိုက်သည်။နေ့စဉ်နေ့တိုင်း ထုတ်ပိုးခဲ့သော luggage ကိုဆွဲကာ အိမ်အောက်ကိုပြေးဆင်းလာခဲ့သည်။

Tʜᴇ Lɪɢʜᴛ Oғ Mʏ Sᴀᴠɪᴏʀ[KOOᗰOՏ]Where stories live. Discover now