🥤Episode 22🥤

1.4K 80 0
                                    

တကယ်ကို ဂျောင်ဂုကနုံတာ...
အရမ်းချစ်ပါတယ်ဆိုပြီး လိုက်ရှာဘဲငိုကျွေးနေတာမို့ တကယ့်လူပျော့ဘဲ။

သားကိုရအောင်ကျနော်ယူခဲ့တယ်ထယ်ဘယ်လောက်ကျနော့်ကို မုန်းမုန်းသားရှိလာရင် ဂျောင်ဂုတို့မိသားစုကိုမေ့သွားမှာဘဲလို့ထင်ခဲ့တယ်မဟုတ်ခဲ့ဘူး..
6,နှစ်အတွင်းသား5နှစ်ရောက်သည်အထိ ထယ်ကတချက်လေးတောင်ပြုံးခဲ့ဘူး။အမြဲ မျက်ရည်တွေသာကျနေခဲ့တာ...

🥤 The Light Of My Savior 🥤

ဂျွန်ဂျောင်ဂု..
သူ့ကိုကျနော်မုန်းတယ်...

သူ့အမေရယ် ကျနော့အမေရယ်ကအချစ်ဆုံးသူငယ်ချင်းတွေ။အေးချမ်းလှတဲ့ အမေတို့ဘဝထဲကို ဂျောင်ဂုအဖေဝင်လာတော့ ကမောက်ကမတွေဖြစ်ကုန်ရော...

ဂျွန်ဂျောင်ဂု အမေနဲ့အဖေကလက်ထပ်သွားတော့ အမေ့မှာအရူးတပိုင်းလိုဖြစ်ခဲ့ရတယ်။အာ့လိုဖြစ်နေတဲ့အမေကို အဖိုးက ကျနော့အဖေနဲ့လက်ထပ်ပေးခဲ့တယ်။ကျနော်မွေးတော့ အမေကအမြဲငူငူငိုင်ငိုင်နေတာကိုတွေ့ရတယ်။ဒါပေမယ့်ကျနော့်ကိုသိပ်ချစ်ခဲ့တာ။ကျနော်လည်း အမေ့ကိုသိပ်ချစ်ခဲ့တာ...

ကျနော် ၁၆ နှစ်အရွယ်မှာ ဂျောင်ဂု က ကားတိုက်မှုဖြစ်ခဲ့တယ်။သွေးထွက်လွန်ပြီးအသက်ပါကယ်မရနိုင်အောင်ဖြစ်နေခဲ့တာ။တိုက်ဆိုင်ခြင်တော့ အာ့နေရာမှာအမေလည်းရှိနေခဲ့တယ် အမေကပဲလိုအပ်နေတဲ့သွေးတွေကိုလှူပေးခဲ့တာ။သူ့အသက်ကိုပဏာနမထားဘဲ ဂျောင်ဂုကိုကယ်ခဲ့တယ်။သူ့အမေမျက်နှာကြောင့်တဲ့လေ...

နောက်ဆုံးအချိန်အထိ အမေက ဂျောင်ဂုအမေကိုသိပ်ချစ်တယ်တဲ့လေ။

ကျနော့်မှာ ရင်တွေနာလွန်းလို့ ရူးမသွားရုံတမယ်ဘဲ။ဂျောင်ဂုသာ မရှိခဲ့ရင် ကားတိုက်မှုကလည်းဖြစ်လာမှာမဟုတ်ဘူး ကျနော့်အမေကလည်းသေခဲ့မှာမဟုတ်ဘူး။မုန်းတယ် ဂျောင်ဂုကိုယ်ထဲမှာစီးဆင်းနေတဲ့ ကျနော့အမေရဲ့သွေးတွေကိုကျနော်ပြန်ဖောက်ထုတ်ချင်လောက်သည့်အထိပဲ။ဂျောင်ဂုတို့ မိသားစုကတော့ ပျော်နေလိုက်တာ ကျနော့််မှာအမြဲအခန်းထဲကြိတ်ငိုခဲ့ရတာ...

Tʜᴇ Lɪɢʜᴛ Oғ Mʏ Sᴀᴠɪᴏʀ[KOOᗰOՏ]Where stories live. Discover now