🥤Episode 11🥤

2.2K 134 1
                                    

"ဟမ်..
ကိုကိုထယ်နဲ့ဆန်မုန့်ကိုပဲ အမေမွေးထားတာပါ ဦးဦးဗလကြီးကဘယ်လိုလုပ်ထွက်လာတာလဲ ဆန်မုန်တို့နှစ်ယောက်ထက်အရင်ထွက်လာတာလား"

"အား..ကလေးစုတ်လေး
အခုငါနဲ့ထယ့်ကို ညီအကိုဇုန်ထဲပစ်သွင်းနေတာလားပြော"

"ဗလကြီးပဲ ကိုကိုဖြစ်ချင်နာလေ ဟုတ်ဘူးလား"

🥤 The Light Of My Savior 🥤

ဒီလိုနဲ့ ကျနော်နဲ့ကိုကိုရဲ့ အိမ်ထောင်သက်တမ်းလေးဟာ အခုဆို 1နှစ်တောင်ရှိလေပြီ။1နှစ်အတွင်း တယောက်ကိုတယောက် အပျောက်မခံရန်မဖြစ်ကြပါဘဲ နားလည်စွာချစ်ပေးလာကြသည်။

ထို1နှစ်အတွင်း ကျနော်ရော ကိုကိုပါမိဘတွေဆီမသွားဖြစ်ကြပေ။ကျနော်တို့ သားသမီးတာဝန်များမကျေသလိုဖြစ်နေရပြီလား...

"ကိုကို"

"ဗျာ"

ကျနော်နှင့်ကိုကိုရဲ့အပြာရောင်ညလေးကို ထပ်မံဖြတ်သန်းပြီးသည်နှင့် မောဟိုက်စွာ နှစ်ယောက်စလုံးအနားယူနေကြရသည်။ကျနော်ကတော့ ကိုကို့ရင်ခွင်ထဲမှာပေါ့...

အဝတ်မဲ့နေသော ကိုကို့ရင်ဘတ်ပေါ် ကျနော့်လက်ကလေးပွတ်သတ်ကာ ကိုကို့ကိုခေါ်လိုက်တော့ ကိုကိုကနဖူးလေးကိုပြန်နမ်းကာ ထူးလေသည်။

"ကျနော်အိမ်ပြန်ချင်လို့"

"ဘယ်အိမ်လည်း"

"ကျနော့်မိဘတွေအိမ်လေ"

"ဘယ်တော့ပြန်ချင်လဲ ထယ်သဘော
ကိုကို ရုံးကအလုပ်တွေကဖုန်းထဲကတဆင့်ညွှန်ကြားလည်းရတယ် အဖေလည်းရှိနေတာပဲ"

"ကိုကိုကနေခဲ့ပါ
ကျနော်အိမ်ကလူမရှောင်ခိုင်းတာဗျ
တော်နေကြာ ကိုကိုပါအလုပ်တွေလုပ်နေရမှဖြင့်"

"ဟောဗျာ
ကိုကိုပြောပြီးသားပဲ ထယ်ရှိတဲ့နေရာ ကိုကိုရှိနေမှာပါဆိုနေကွာ"

"အဲ့ဒါတော့အဲ့ဒါပေါ့
ဒါပေမယ့် ကိုကိုမသိလို့ အိမ်ကအရမ်းအလုပ်ခိုင်းတာလေ"

"ထယ် ကိုကိုနဲ့မညားခင် အလုပ်တွေပင်ပမ်းခဲ့မှာပဲ"

"အွန်း အမှန်ပဲကိုကို
အသက်မရှင်ချင်လောက်တဲ့အထိပဲ
ထယ်ကပဲပျင်းလို့လားမသိပါဘူးရယ်"

Tʜᴇ Lɪɢʜᴛ Oғ Mʏ Sᴀᴠɪᴏʀ[KOOᗰOՏ]Where stories live. Discover now