Chapter 10

187 27 8
                                    

*တီး..​တော်​...တီး..​တော်​

အ​ရေး​ပေါ်ကား ဥသြဆွဲတယ်​ဆိုတာ စိုးရိမ်​ရတဲ့ အ​ခြေအ​နေဖြစ်သည်မို့။

မဟုတ်ဘူး ဂျီမင်း ဘာမှမဖြစ်​ရဘူး။

ကျဆင်းလာတဲ့ မျက်​ရည်​စတချို့ကို လက်​ခုံနဲ့ ဖိသုတ်​ရင်း ထယ်ယောင်း ဂျီမင်းကို ကြည့်မိ​တော့ ​အောက်​စီဂျင်​ပိုက်​​တွေနဲ့ ကျွန်တော့်​သူငယ်​ချင်းလေးက တကယ်​ ကြည့်မ​ကောင်းဘူး။ ဂျီမင်းလက်​ကို တင်းတင်းဆုပ်​ရင်း စီးကျနေတဲ့ မျက်​ရည်​စ​တွေကို မသုတ်​နိုင်​​လောက်​​အောင်​ နာကျင်​​နေသူကတော့ အစ်ကိုဆော့ဂျင်။ အစ်ကိုဆော့ဂျင်ရဲ့​ ​လက်​​မောင်းကို တင်းတင်းဆုပ်​ရင်း အား​ပေး​နေသူကအစ်ကိုဟိုဆော့။ အ​ရေး​ပေါ်ကားထဲမှာ ဂျီမင်းနဲ့အတူ သူတို့သုံး​ယောက်​။ ​​အစ်ကိုယွန်းဂီတို့သုံးယောက်က ကားတစ်စီးနဲ့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာကြသည်။

အ​ရေး​ပေါ်ခွဲစိတ်​ခန်းရှေ့မှာ အားလုံး ထိုင်​တဲ့သူကထိုင်​ ငိုင်​တဲ့သူကငိုင်​ ငိုတဲ့သူကငို ကမ္ဘာ​တွေပျက်​​နေတယ်​ဆိုတာ ဂျီမင်းသိဖို့လိုအပ်တယ်။ သူ အကောင်းဆုံး ပြန်ထွက်လာရမှာမို့။ အဆိုးဆုံးက​တော့ အစ်ကိုဆော့ဂျင်ပဲ။ သူ့​ကြောင့်ဖြစ်ရတာဆိုတဲ့စိတ်​နဲ့ နံရံ​တွေကို ထိုးထားခဲ့တာ လက်​ဖမိုးတစ်​ခုလုံးက ရစရာမရှိ​အောင်​ စုတ်​ပြတ်​ပြီး သွေး​တွေ တသွင်​သွင်​ စီးကျ​နေသည်​ထိ။

" အစ်ကို့လက်က ဆေးထည့်မှဖြစ်​မယ်​ ထင်​တယ်​ "

တိုးတိုး​ဖျော့​ဖျော့ အစ်ကိုနမ်းဂျွန်းရဲ့အသံက ငြိမ်​သက်​​နေခဲ့တဲ့ သူတို့အားလုံးကို လှုပ်​ရှားသက်​၀င်​သွား​စေသည်​။

" ထားလိုက်​ပါ "

အစ်ကိုဆော့ဂျင်ရဲ့ အသံက ပိုလို့ တိုး​ဖျော့​နေခဲ့တယ်။ တ​ပေါက်​​ပေါက်​ကျ​နေတဲ့ ​သွေးစက်​​တို့ ဦးတည်​ရာ ကြမ်းပြင်​ကိုပဲ အစ်ကိုက တွေ​တွေကြီး ငုံ့ကြည့်နေသည်​။ ထယ်ယောင်း သက်​ပြင်းချရင်း ဆော့ဂျင်ဆီ ဦးတည်​လိုက်​တယ်။

" အစ်ကို "

သူခေါ်တော့ အစ်ကိုဆော့ဂျင်က အသက်​မပါစွာ ​မော့ကြည့်လာသည်​။

RUN Where stories live. Discover now