-Unicode-
ဘေးချင်းယှဉ်လျှောက်နေလျက် အစ်ကိုယွန်းဂီက သူ့အားခပ်ငဲ့ငဲ့ ကြည့်သည်။ အစ်ကို့မျက်နှာက မူမမှန်သလို တစ်ခုခုကို စိုးရိမ်နေသယောင်။
" အစ်ကို နေမကောင်းဘူးလား "
" ကောင်းပါတယ် ဘာလို့လဲ "
" အစ်ကို့ကို ကြည့်ရတာ နေမကောင်းသလိုပဲ တစ်ခုခုဖြစ်နေတာလား "
အစ်ကိုယွန်းဂီက နဖူးထက်က ချွေးစတချို့ကို လက်ဖမိုးနဲ့ဖိသုတ်ရင်း....
" နေပူလို့ပါ "
" အင်း ဂရုစိုက်ပါဦး "
သူ့အကြင်နာတွေကို အလိုမရှိဘူးဆိုကာမှ ကြင်နာမှုတွေ သွားသွားပေးနေတဲ့ သူ ကင်မ်ထယ်ယောင်း။ မဟုတ်ဘူး။ နှလုံးသားကိုက အဖြစ်သည်းရင်း အစ်ကို့ကိုမြင်ရင် အလိုလိုအကြင်နာတချို့က တားမရအောင် စိမ့်ထွက်လာတာ။
" ဒါနဲ့ ထယ်ယောင်း မင်းအလုပ်က အဆင်ပြေရဲ့လား "
" ထူးထူးဆန်းဆန်း ကျွန်တော့်အကြောင်းတွေ ဘာလို့မေးနေတာလဲ "
တကယ်လည်း ဒီလို သူ့ကိုယ်ရေးကိုယ်တာကို စိတ်ဝင်တစား မဟုတ်သေး စကားအဖြစ် အစ်ကိုမေးလာသည်ကိုက အတည်ကိုထူးဆန်းနေတာမို့ ထယ်ယောင်း စောဒကတက်လိုက်မိခြင်း။
" မမေးသင့်ဘူးလား။ ဪ အေး။ အဲ့ဒါဆိုလည်း မမေးဘူးလို့ထားလိုက် "
ကောင်မလေးပါလို့မတင်စားချင်ပေမယ့် အစ်ကိုက တကယ်နှုတ်ခမ်းစူကြီးနဲ့။ ထယ်ယောင်း အသံထွက်အောင်ရယ်လိုက်မိသည်။
" အဲ့လိုပြောတာမဟုတ်ပါဘူး။ အင်း လောလောဆယ်တော့ ဂျင်ဟီးက ကိစ္စပေါ်လာလို့ ဆိုင်ကိုတော့ ကျွန်တော်တစ်ယောက်တည်း ဆက်လုပ်ရတော့မယ်ထင်တယ် "
ကျောင်းနေဖက်သူငယ်ချင်း ဂျင်ဟီးနဲ့ ပေါင်းပြီး ကော်ဖီဆိုင်လေးဖွင့်ထားတဲ့သူ့အတွက် အလုပ်ဆိုသည်က ဤမျှသာ။
" ဘာသဘောလဲ "
" ဂျင်ဟီးက ပေကျင်းကိုပြောင်းဖြစ်မယ်နဲ့တူတယ်။ အဲ့ဒါ ရှယ်ယာတွေခွဲပြီး ကျွန်တော်တစ်ယောက်ပဲ ဆိုင်ကိုဆက်လုပ်ရတော့မှာ "
YOU ARE READING
RUN
FanfictionFrom the beginning to the end We'll always together!! For Precious Bangtan's brothership and just for my imaginary love story!
