Chapter 12

96 10 2
                                    

" အစ်ကို ထ​တော့ ​ပြောစရာရှိတယ် "

မိုးလင်းတာနဲ့ ဦးစွာကြားလိုက်​ရတဲ့ တစ်ယောက်သောသူရဲ့အသံလေးကြောင့် မျက်​လုံးမဖွင့်ခင်​ ဆော့ဂျင် ပြုံးလိုက်​မိသည်​။

" အစ်ကိုလို့။ မထရင် ဖက်နမ်းမှာနော် "

ကျောချမ်းစရာခြိမ်းခြောက်စကားကြီးကြောင့် မျက်လုံးကို အမြန်ဖွင့်လိုက်ရသည်။ သွားမတိုက်ရသေးတာ ဘာညာ နားမလည် တကယ်ဖမ်းနမ်းမယ့် ဂျွန်ဂျုံးဂုမို့ ကြောက်ရသေး။

" ထပြီမလို့ အပြင်မှာသွားစောင့် "

" အာဘွားရော်? "

ပါးဖောင်းပြီး သူ့ပါးကိုအနားလာတိုးပေးနေတဲ့ ဂျုံးဂုကို ဆော့ဂျင် နှာခေါင်းရှုံ့ကာ...,,

" ဘာမှ မအာဘွားဘူး လစ်! "

" ကိုကိုက မကောင်းဘူးဗျာ "

" ဟုတ်ပါ့ "

ဆော့ဂျင် ရွတ်နောက်နောက်လိုက်ပြောတော့ မှုန်ကုတ်ကုတ်ကြည့်လာတဲ့ ဂျုံးဂု။

" ဒီကိုကိုက တကယ်တော့ ဖက်နမ်းခံချင်နေတာပဲ "

" ဟေ့ကောင် တော်! သွားတော့နော်။ မဟုတ်ရင် တကယ်နာမယ် မင်း! "

ကုတင်ပေါ်ကနေ ဂျုံးဂုကိုကန်ချပြီး ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ မြန်​မြန်​​ရေမိုးချိုးပြီး ​အောက်​ထပ်​ဆင်းခဲ့​တော့ မိုး​အေး​အေးနဲ့ ​ရေချိုးထားတဲ့ အရှိန်​က ခပ်​​အေး​အေး​။ အ​နွေးဓာတ်​ရ​အောင်​ လက်​​မောင်းရင်း နှစ်​ဖက်​ကို​တောင်​ ခပ်​ကြမ်းကြမ်းပွတ်သပ်လိုက်​မိ​သေးသည်။

" ကွတ်ကီးရေ အချစ်ရေ ဂျုံးဂုလေးရေ "

စချင်​စိတ်​နဲ့ နာမည်စုံအော်​​ခေါ်​တော့ အခန်းထဲကထွက်​လာတဲ့ ဟိုဆော့ရဲ့မျက်​​စောင်းကြီးက ဒိန်းခနဲ။

" ကဲကိုကဲတယ်​ နားတွေခါးလိုက်တာ အား "

အတော့်ကိုရွံရှာနေသလိုလုပ်ပြသွားတဲ့ ဟိုဆော့ကြောင့် ဇတ်​​လေးပုကာ ပြူးပြလိုက်​ရသည်​။

" ကြွက်တွင်းကြီိး ကော်​ဖီ​သောက်​မယ်​​"

​ကော်​ဖီခွက်​​လေး ​ပင့်ပြရင်း ဧည့်ခန်းဖက်ဦးတည်​သွားသည့်ဂျုံးဂုနောက် လိုက်​ခဲ့လိုက်​သည်​။ မီးလင်းဖိုနားကကြမ်းပြင်​မှာ ၀င်​ထိုင်​​တဲ့သူ့ဘေးမှာ ၀င်​ထိုင်​လိုက်​တော့...,,

RUN Where stories live. Discover now