Chapter 1

1.3K 100 16
                                    

ကျွန်​​တော်တို့ပြေးနေကြတယ်။

မရပ်မနားပြေးနေကြတယ်။

ဘဝဇာတ်ခုံကြီးပေါ်မှာ။

ကံကြမ္မာရဲ့ လှည့်ကွက်တွေကြားမှာ။

ဆူးပေါင်းတစ်ထောင် အတားအဆီးပေါင်းတစ်သောင်းပြည့်နေတဲ့ လမ်းတွေပေါ်မှာ.........။

Run = ​ပြေးသည်။

သိပ်ကို အဓိပ္ပါယ်ရှိတဲ့စကားလုံး​ပေါ့။

ပြေးသည်...စာလုံးလေးနှစ်​လုံးတည်းပါပဲ။

.........

........RUN........

........

ကင်​​မ်​ဆော့ဂျင်​>>

ကျွန်​​တော် ပြေးနေတယ်။ လူတွေရဲ့ နှိမ့်ချခြင်းကနေ။ လူတွေကဗျာ...ပိုက်ဆံမရှိရင် သိပ်ကိုနှိမ်ချင်ကြတယ်။ သိပ်ကိုနိုင်စားချင်​ကြတယ်။ ပိုက်ဆံမရှိရင် သိပ်ကိုအထင်သေးကြတယ်။ လောကကြီးက ဒါပါပဲ။ ပိုက်ဆံဆိုတဲ့ အရာတစ်​ခုတည်းနဲ့ ကျွန်​တော်တို့ဘဝတွေကို ဖျက်ဆီးပစ်လိုက်တာ။

ဂျွန်​​ဂျုံးဂု >>

ကျွန်​တာ်​က ထွက်​​ပြေး​နေတဲ့သူလား? တစ်​စုံတစ်​​ယောက်​ရဲ့​နောက်​ကို ​ပြေးလိုက်​​နေခဲ့တဲ့သူလား။ ​သေချာတာ​က​တော့ ကျွန်​​တော်​ အတုံးအရုန်းကို ​ပြေး​နေခဲ့ပါတယ်​။

မင်ယွန်းဂီ >>

" အချစ် ? "
တစ်ဆိတ်! အဲ့ဒီအရာက ဘာမို့လို့လဲ? ကျွန်​​တော့်ဘဝမှာ အခါးသီးဆုံးအရာက တစ်​ခုပဲ။ ကျွန်​​တော်ပြေးတယ်။ ဆက်ပြီးလည်း ပြေးနေဦးမယ်။ အ​ရေးမပါတဲ့အဲ့ဒီအချစ်ဆိုတဲ့နွံထဲ ကျွန်​​တော် ကျရှုံးမသွားဖို့ပဲ။

ပတ်ဂျီမင်း >>

ကျွန်​​တော် ဘယ်ကိုပြေးနေတာလဲ? ပန်းတိုင်ဆီကို​ပေါ့ဗျာ။ ဟုတ်တယ် ... ကျွန်​​တော့်ရဲ့ အိပ်မက်တွေဆီကို။ အချိန်မှီရောက်ဖို့နဲ့ နေရာမှန်ရဖို့။ သိပ်ကိုပင်ပန်းလွန်းပါတယ်။ ဆူးငြှောင့်ခလုတ်တွေပေါလွန်းတဲ့ လမ်းမှာပြေးနေရတာ သိပ်ကိုမောလွန်းတယ်။ ဒါပေမဲ့ ကျွန်​​တော် အားမလျော့ခဲ့ဘူး။ ဘယ်​​တော့မှလည်း ​နောက်​ဆုတ်​မှာမဟုတ်​သလို ​ရှေ့ဆက်ပြီးလည်းပြေးနေဦးမှာ။ ​နောက်​ပြီး ကျွန်​​တော် ပြေးနေခဲ့​သေးတယ်။ ကြောက်လန့်ခြင်းကလွတ်မြောက်ဖို့။ ကျွန်​​တော်လွတ်မြောက်နိုင်မှာလား။ သိပ်ကြောက်တယ်​။ ဘာမဟုတ်​တဲ့မိုးခြိမ်းသံလေးကို​​ ​သေမ​လောက်​​ကြောက်​ရွံ​နေတဲ့ ကျွန်​​တော်ရယ်​ပါ။ နည်းနည်း​လောက်​ပဲဖြစ်​ဖြစ်​ လွတ်​​မြောက်​ချင်​တယ်​။ ကျွန်​​တော်ရဲ့ ကြောက်လန့်နေရခြင်းကနေ။

RUN Where stories live. Discover now