-Unicode-
" ဟေ့ကောင် မင်း ဒီတိုင်းပဲ နေတော့မှာလား "
" ဟမ် ငါ့ငါအိပ်နေတာလေ။ ဒီတိုင်းမနေလို့ ဖင်ကုန်းနေရမှာလား "
ဆော့ဂျင်တစ်ယောက် ကုတင်ပေါ်မှာလှဲရင်း စာဖတ်နေတာကို အခန်းထဲဝင်လာပြီး ခပ်တည်တည်လာဟောက်သည့် ယွန်းဂီကို နှာခေါင်းရှုံ့ကာပြန်ပြောလိုက်သည်။
" ငါ အဲ့ဒါပြောတာ မဟုတ်ဘူး။ မင်းဟာမင်း အိပ်နေနေ၊ ကုန်းနေနေ၊ ဖင်ပူးလောင်းပဲထောင်နေနေ စိတ်မဝင်စားဘူး "
" ဒါဆို ဘာလို့ လာမေးနေသေးလဲ "
" ကင်မ်ဆော့ဂျင် ငါ အကောင်းပြောမလို့။ မင်း ဖင်တအားယား "
" ဘာပြောမှာလဲ ပြော "
" အစ်ကိုတို့နှစ်ယောက် ဒီနေ့ ပြောလို့ပြီးဦးမှာလား "
ယွန်းဂီနဲ့ ဆော့ဂျင် စကားအစပျိုးလို့ မပြီးနိုင်ခင် အခန်းဝမှာလာရပ်တဲ့ဂျီမင်းတစ်ယောက် စိတ်မရှည်စွာ ဝင်မေးသည်။
" အေး ပြီးလောက်မယ်ထင်တာပဲ။ ဘာကိစ္စရှိလို့လဲ ဂျီမင်း။ ဝင်ခဲ့လေ "
" မဝင်တော့ဘူး။ အစ်ကိုဟိုဆော့က ထမင်းစားဖို့ ခေါ်ခိုင်းလိုက်လို့။ အငယ်လေးကတော့ မစားတော့ဘူးတဲ့။ အစ်ကိုတို့ရော "
" အေး စား..."
" ငါတို့လည်း ခဏနေမှ စားတော့မယ်။ စားနှင့် ဂျီမင်း "
" ဟုတ် "
ဆော့ဂျင်အစား ဖြတ်ပြောတဲ့ယွန်းဂီကို ဆော့ဂျင် မှုန်ကုတ်နေအောင် ကြည့်ပစ်လိုက်တယ်။
" ငါ ဗိုက်ဆာတယ်ကွ။ မင်း မစားချင်ရင် နောက်မှစား။ ငါ သွားစားတော့မယ် "
" နေဦး! ငါ ပြောတာ အရင်နားထောင် "
" ဘာလဲကွာ။ အရေးကြီးလို့လား။ ဗိုက်ဆာပါတယ်ဆို "
" ကြီးတယ်။ အဲ့လောက်ငတ်မနေနဲ့။ မသေမချင်းလည်း စားရဦးမှာ "
" မမိုက်ရိုင်းနဲ့ "
" မင်းကရိုင်းမှရတာလေ "
" မင်းကိုက ရိုင်းနေတာလေ "
" အစ်ကိုတို့နှစ်ယောက်လည်း မကြီးမငယ်နဲ့ မထင်ရင်မထင်သလို ချတယ်နော် ဟီးဟီး "
YOU ARE READING
RUN
FanfictionFrom the beginning to the end We'll always together!! For Precious Bangtan's brothership and just for my imaginary love story!