Chapter 8

386 53 15
                                    

-Unicode-

" အစ်ကို ဒီပိတ်ရက်ကျ ကျွန်တော်တို့ခရီးသွားရအောင် နော်။ ခရီးမသွားတာ ကြာပြီလေ "

ကော်ဖီဖျော်နေတဲ့ ယွန်းဂီကို သုံးနှစ်ကလေးလို အင်္ကျီစအတင်းလိုက်ဆွဲရင်း ဂျီတိုက်နေသော ဂျီမင်း။

" နော်အစ်ကို သွားရအောင်လို့ "

" ငါ့ကို ဘာလို့လာပြောနေတာလဲ။ မင်းတို့အစ်ကိုဆော့ဂျင်ကို သွားပြောပါလား "

" အစ်ကိုဆော့ဂျင် သဘောတူရင် သွားမှာပေါ့ အဲ့လိုလား ဟုတ်လား "

ယွန်းဂီ ဘာမှမပြောဘဲ ဖျော်ပြီးသွားတဲ့ကော်ဖီပူပူကိုသာ မော့သောက်သည်။ ထိုအခါ ဂျီမင်းက မနိုင်တော့သည့်စစ်အဖြစ် ထယ်ယောင်းနဲ့ ဂျုံးဂုကို စစ်ကူလှမ်းတောင်းလေ​၏။

" အငယ်လေးနဲ့ ထယ်ယောင်း လာပြောကူကြဦး! "

ထယ်ယောင်းတို့နှစ်ယောက်လုံး ရောက်ချလာကာ ယွန်းဂီကို ခါးမှ ဝိုင်းဖက်ကြကာဖြင့်...,,

" ဟုတ်တယ် အစ်ကို သွားရအောင်ပါ "

" သွားရအောင်နော် အစ်ကို။ ကျွန်တော်တို့ ခရီးမသွားတာကြာပြီလေဗျာ "

" ဟိတ်ကောင်တွေ ငြိမ်ငြိမ်နေစမ်း...အာ...လွှတ်!! "

ယွန်းဂီ ရုန်းလေပိုဆိုးလေ။ သုံးယောက်သား ပူးပြီးတောင် ဖက်လိုက်ကြသေးသည်။

" ဟိတ်ကောင်တွေ လွှတ်စမ်း!!! အသက်ရှူလို့တောင် မရတော့ဘူး လွှတ်ဟ "

" မလွှတ်ဘူး။ သွားမယ်လို့ ပြောမှလွှတ်မယ် "

" ကလေးကုလားကျနေတာပဲကွာ။ မင်းတို့ အစ်ကိုဆော့ဂျင်ကိုသာ သွားမေး "

" အစ်ကိုဆော့ဂျင်က သွားမယ်ဆို သွားမှာလား "

မျှော်လင့်ချက်တစ်လှေကြီးနဲ့ဂျီမင်းကို ယွန်းဂီ မချိုမချဉ်ခေါင်းညိတ်ပြလိုက်သည်။

" ရေးးးးဒါမှ တို့လူ့ဂွစာကြီးကွ "

" ဘာ! မင်းတို့ကောင်တွေ နာချင်နေပြီလား "

" စတာပါဗျာ။ ချစ်တယ်လေ အစ်ကိုကြီးကလည်း "

တစ်ယောက်တစ်မျိုး heart sign​ မျိုးစုံလုပ်ပြတော့ ယွန်းဂီ မပြုံးဘဲမနေနိုင်။

RUN Where stories live. Discover now