ဆော့ဂျင်လေးလည်း ချေတတ်တယ်😙

1.5K 286 163
                                    

Unicode ~~~

မနက်မိုးသောက်လို့ မျက်စိနှစ်လုံးပွင့်တာနဲ့ အကြောဆန့်ကာ စိတ်လိုလက်ရပြုံးလိုက်ပြီး ကုတင်အောက်ထပ်ကို ကြည့်လိုက်မိတော့ စနစ်တကျ ပြန့်ပြူးစွာရှိနေတယ် အ်ိပ်ယာလွတ်ကိုတွေ့လိုက်ရသည်မို့ နှုတ်ခမ်းဆူမိပြန်သည်။

"အစောကြီးရှိသေးတာကို ထသွားပီလား?"

မိုးလင်းတာနဲ့ မြင်ချင်တဲ့လူက မရှိတာကြောင့် ဆော့ဂျင် လည်း အိပ်ယာပေါ်ကအမြန်ဆင်းကာ မျက်နှာသစ်
ပြင်ဆင်ပြီး ကျောင်းယူနီဖောင်းလဲ၍ အခန်းအပြင်ထွက်လာခဲ့သည်။

"ဟေ့~~ဆော့ဂျင်"

အခန်းတံခါးလှည့်ပိတ်နေစဉ် ခေါ်သံကြားတာမို့ လှည့်ကြည့်မိတော့ မျက်စောင်းထိုး အခန်းကထွက်လာတဲ့ ဟိုဆော့ ကိုတွေ့လေသည်။

"အော်~~ဟိုဆော့ရှီး ။ဘာလို့ အဲ့အခန်းထဲထွက်လာတာလဲ?"

ဆော့ဂျင်ရဲ့အမေးကြောင့် ဟိုဆော့ရယ်လိုက်မိသည်။

"ကျွန်တော့အခန်းက ကျွန်တော်ထွက် လာတာလေ ။ဘာများဖြစ်လို့လဲ?"

"အာ~~အဲ့လိုလား။ဘာရယ်မဟုတ်ပါဘူး~မနေ့က ဟိုဆော့ကို မတွေ့မိလို့ပါ။"

"မတွေ့တာက~~ကျွန်တော့်အခန်းဖော် နဲ့ မနေ့ကnight out သွားလိုက်လို့။ဆော့ဂျင်~~အခု အတန်းသွားတက် မှာမလား?"

"Nae~~ဟိုဆော့ရှီးရော လား??"

"ဒါပေါ့~~ဒါပေမဲ့ ကျွန်တော့်အခန်းဖော်လည်း ဒီနေ့အတန်းတက်မှာဆိုတော့ သူ့ကိုခဏစောင့်ရဦးမယ်။ဆော့ဂျင် ရော ခဏစောင့်ပေးလို့အဆင်ပြေလား?အတူတူသွားကြမယ်လေ။"

"ဟုတ် ပြေပါတယ်။ဒါနဲ့ ဟိုဆော့ရဲ့ အခန်းဖော်လည်း ကျွန်တော်တို့နဲ့ အတန်းတူတာလား?"

"ဟုတ် တူတယ်။ဆော့ဂျင်က ကျောင်းသားအသစ်မို့ မသိတာနေမယ်။ဒီအရှေ့အဆောင်ကျောင်းသား တွေ အကုန် အတန်းတူတူပဲလေ။"

"အာ~~အဲ့လိုကို။"

အဆောင်က lobby မှာ ဟိုဆော့နဲ့ဆော့ဂျင် စကားပြောနေကြရင်း ဟိုဆော့ရဲ့အခန်းဖော်အား စောင့်နေကြသည်။ထိုအချိန် ~~~

"ရားး~~Hoseok Ah~အခန်းသော့ မင်းယူသွားတာလား?"

"အော်~~Jimin Shi မဟုတ်လား?"

My Heartbeat is youWhere stories live. Discover now