Jeonရဲ့ကလေးလေး🙆🏻💛

1.8K 286 222
                                    

Unicode~~~

ဒီရက်တွေ စိတ်ထဲထင့်နေတာ ဘာရယ် ကြောင့်မှန်းမသိ။မန်နေဂျာလီ လည်း တူမဖြစ်သူဆီ သွားလည်လိုက်တာ ဇောင်းထဲကမြင်းကိုလွှတ်လိုက်ရသလိုပဲ။စာမလာ သတင်းမကြား။

စိတ်ကလည်း အစိုးမရဘူး။ဟိုရောက် ဒီရောက် ကော်ဖီလေး သောက်ပြီး ထိုင်နေပြန်တော့ မြင်နေရပြန်တဲ့ ပေါက်စရဲ့ မျက်နှာ။

"အားရှီးး~~ဒီလောက်နဲ့ပဲ စိတ်ထဲထိ နှောင့်ယှက်နေတာ တော်ပါတော့။"

တကယ်ဆ်ိုဆော့ဂျင်က သူဘယ်ရော က်လို့ ရောက်နေမှန်းတောင်သိမှာမဟုတ်ဘူး။သူ့စိတ်ကိုက ဆော့ဂျင်ကိုပဲ မြင်နေတာ။ဒါပေမဲ့လည်း ပေ့က်စကို အပြစ်တင်လိုက်တော့မှ နေသာထိုင်သာ ရှိသွားသလိုပင်။

"ဘာလို့လဲ??ဘာကြောင့်လဲ??ငါထွက်လာတဲ့ နေရာက ကျောင်းနဲ့နီးနေသေးလို့ ကင်မ်ဆော့ဂျင် ကို တွေးမိနေပြန်တာလား??အား~~မသိတော့ဘူးကွာ~"

ထို့နောက် အာရုံလွှဲဖို့ အတွက် စားပွဲပေါ်မှာ ရှိတဲ့ TV Remote ကို လှမ်းယူကာ မျက်နှာချင်းဆိုင် နံရံကပ် TV ကို ဖွင့်ကြည့်လိုက်သည်။TV Channel လိုင်းတွေ တမျိုးပြီးတမျိုးပြောင်းကာ သူစိတ်အာရုံစိုက်နိုင်မဲ့ အစီအစဉ်ကို ရှာနေသည်။

"အော်~~တွေ့ပီ။"

TV အစီအစဉ်မှာ စိတ်တည်ငြိမ် အေးဆေးစေသော နေရာများကို ရှာဖွေ ရိုက်ကူးထားတဲ့ Program မျိုးဖြစ်သည်။ထိုအထဲမှ ဘူဆန် ဂွါနာ့ဆန်းတောင်ပေါ်မှ ဘုရားကျောင်း တွင် စိတ်တည်ငြိမ် လန်းဆန်း နေသော အားထုတ်နည်းများကို ညွှန်ပြသည့်နေရာ ။

"ဟုတ်တယ်~~သွားမယ်။"

ထိုနေ့ညက အထုတ်ပြင်ပြီး မနက်စော စော ဘူဆန်ဘက်ကို ထွက်ခဲ့သည်။ဘုရားကျောင်းက တောင်ပေါ်တွင်ရှိသည့်အတွက် ဖုန်းဆမ်းကတ်တချို့ လိုင်းမမိခဲ့ပါ။

"ဒီနေရာကို လာခဲ့တာ မှန်သွားတယ်။ငါပေါက်စ အကြောင်းတွေ မတွေးဖြစ်တော့ဘူး~~အဟက်။ဂျွန်ဂျောင် ကု တော်တယ်။"

ဂျောင်ကု တောင်ပေါ်ကျောင်းမှာ ၃ရက်လောက် နေပြီးတော့ ပြန်လာခဲ့သည်။ပြန်လာတာ တခြားကြောင့်မဟုတ်။ဘုရားကျောင်းက မွေးစား ထားတဲ့ ကလေးတွေရဲ့ အမူအရာတွေကို ကင်မ်ဆော့ဂျင် နဲ့ တူတာဟု တွေးမိနေပြန်တာကြောင့်ပင်။

My Heartbeat is youWhere stories live. Discover now